ရွှေဈေးကွက်အခြေအနေနဲ့ အရောင်း၊အဝယ် အကြံပြုချက်

ရွှေဈေးကွက်အခြေအနေနဲ့ အရောင်း၊အဝယ် အကြံပြုချက်

လတ်တလော ကမ္ဘာ့ရွှေဈေးကွက်ဟာ အမေရိကန်ဗဟိုဘဏ်ရဲ့ ငွေကြေးမူဝါဒအပြောင်းအလဲပေါ် မူတည်ပြီး လှုပ်ရှားပြောင်းလဲမယ့်အနေအထား ရှိနေပါတယ်

အမေရိကန်ဗဟိုဘဏ်အနေနဲ့ ရှေ့နှစ်မှာ ငွေကြေးမူဝါဒကို ပြန်ဖြေလျှော့မယ် ဆိုတဲ့ မျှော်မှန်းချက်တွေ အရမ်း မြင့်မားနေတာကြောင့် ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ဒေါ်လာ ၂၀၀၀ အထက်မှာပဲ ဆက်ရှိနေပါတယ်။

ပြည်တွင်းရွှေဈေးအနေနဲ့ကတော့ (အကယ်ဒမီမီးလင်းရွှေ) တစ်ကျပ်သားကို ကျပ် ၃၇ သိန်းဝန်းကျင်မှာ ဆက် ငြိမ်နိုင်ပြီး အကျဘက်ကို ပြန်ဆင်းမယ့်အလားအလာတော့ နည်းပါးတယ်လို့ ရွှေဈေးနှုန်း ခန့်မှန်းချက်တစ်ခုမှာ ဆိုထားပါတယ်။

ရွှေဈေးကွက်ဟာ နှစ်ကုန်ပိုင်း ရောက်ခါနီးတာနဲ့ အပြောင်းအလဲ ဖြစ်လာနိုင်ပေမယ့် လက်ရှိဈေးတန်းကလည်း အမြင့်တန်းမှာပဲ ဆက်ရှိနေတဲ့အတွက် ငွေလိုတဲ့သူတွေဆိုရင် လိုသလောက်လေးသာ ထုတ်ရောင်းသင့်တယ် လို့ အကြံပြုထားပါတယ်။

ရွှေအဝယ်သမားတွေအနေနဲ့ကတော့ တကယ်လို့များ ရွှေဈေးက အကျဘက် ပြန်လှည့်ဆင်းလာရင် ၃၆ သိန်း ဝန်းကျင်မှာ အဝယ် ဝင်သင့်ပြီး အဲဒီဈေးတန်းက အဝယ်ဝင်သင့်တဲ့ဈေးမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ ၃၇ သိန်းပတ်လည် ဈေးတန်းမှာ ဝယ်မယ်ဆိုရင်တော့ တစ်ဝက်ခွဲ ဝယ်တာမျိုးက ပိုအဆင်ပြေမယ်လို့ ရွှေဈေးကွက်လေ့လာအကဲခတ်သူတွေက အကြံပြုထားပါတယ်။ ဒါ့အပြင် ရွှေဟာ ရေရှည်ဝယ်စုထားရမယ့် ရင်းနှီးမြှုပ်နှံမှု ဖြစ်တယ်လို့လည်း တိုက်တွန်းထားကြောင်းပါ။

ဒါကတော့ လတ်တလော ကမ္ဘာ့ရွှေဈေးကွက်အခြေအနေနဲ့ မြန်မာ့ရွှေ ရောင်းလို၊ ဝယ်လိုသူတွေအတွက် ရှုထောင့်တစ်ခုကို တင်ပြပေးတာ ဖြစ်ပြီး ရောင်းဖို့ ဝယ်ဖို့ ဆုံးဖြတ်ချက်ကိုတော့ ကိုယ်တိုင်သာ ချမှတ်ကြစေလိုပါတယ်။ Source-ကိုကြည်စိုးထွန်း (Your Gold Trade) , Gold News

Credit

Zawgyi

ေ႐ႊေဈးကြက္အေျခအေနနဲ႕ အေရာင္း၊အဝယ္ အႀကံျပဳခ်က္

လတ္တေလာ ကမာၻ႔ေ႐ႊေဈးကြက္ဟာ အေမရိကန္ဗဟိုဘဏ္ရဲ႕ ေငြေၾကးမူဝါဒအေျပာင္းအလဲေပၚ မူတည္ၿပီး လႈပ္ရွားေျပာင္းလဲမယ့္အေနအထား ရွိေနပါတယ္

အေမရိကန္ဗဟိုဘဏ္အေနနဲ႕ ေရွ႕ႏွစ္မွာ ေငြေၾကးမူဝါဒကို ျပန္ေျဖေလွ်ာ့မယ္ ဆိုတဲ့ ေမွ်ာ္မွန္းခ်က္ေတြ အရမ္း ျမင့္မားေနတာေၾကာင့္ ကမာၻ႔ေ႐ႊေဈးက တစ္ေအာင္စကို ေဒၚလာ ၂၀၀၀ အထက္မွာပဲ ဆက္ရွိေနပါတယ္။

ျပည္တြင္းေ႐ႊေဈးအေနနဲ႕ကေတာ့ (အကယ္ဒမီမီးလင္းေ႐ႊ) တစ္က်ပ္သားကို က်ပ္ ၃၇ သိန္းဝန္းက်င္မွာ ဆက္ ၿငိမ္နိုင္ၿပီး အက်ဘက္ကို ျပန္ဆင္းမယ့္အလားအလာေတာ့ နည္းပါးတယ္လို႔ ေ႐ႊေဈးႏႈန္း ခန႔္မွန္းခ်က္တစ္ခုမွာ ဆိုထားပါတယ္။

ေ႐ႊေဈးကြက္ဟာ ႏွစ္ကုန္ပိုင္း ေရာက္ခါနီးတာနဲ႕ အေျပာင္းအလဲ ျဖစ္လာနိုင္ေပမယ့္ လက္ရွိေဈးတန္းကလည္း အျမင့္တန္းမွာပဲ ဆက္ရွိေနတဲ့အတြက္ ေငြလိုတဲ့သူေတြဆိုရင္ လိုသေလာက္ေလးသာ ထုတ္ေရာင္းသင့္တယ္ လို႔ အႀကံျပဳထားပါတယ္။

ေ႐ႊအဝယ္သမားေတြအေနနဲ႕ကေတာ့ တကယ္လို႔မ်ား ေ႐ႊေဈးက အက်ဘက္ ျပန္လွည့္ဆင္းလာရင္ ၃၆ သိန္း ဝန္းက်င္မွာ အဝယ္ ဝင္သင့္ၿပီး အဲဒီေဈးတန္းက အဝယ္ဝင္သင့္တဲ့ေဈးမ်ိဳး ျဖစ္တယ္လို႔ ဆိုပါတယ္။

လက္ရွိ ၃၇ သိန္းပတ္လည္ ေဈးတန္းမွာ ဝယ္မယ္ဆိုရင္ေတာ့ တစ္ဝက္ခြဲ ဝယ္တာမ်ိဳးက ပိုအဆင္ေျပမယ္လို႔ ေ႐ႊေဈးကြက္ေလ့လာအကဲခတ္သူေတြက အႀကံျပဳထားပါတယ္။ ဒါ့အျပင္ ေ႐ႊဟာ ေရရွည္ဝယ္စုထားရမယ့္ ရင္းႏွီးျမႇုပ္ႏွံမႈ ျဖစ္တယ္လို႔လည္း တိုက္တြန္းထားေၾကာင္းပါ။

ဒါကေတာ့ လတ္တေလာ ကမာၻ႔ေ႐ႊေဈးကြက္အေျခအေနနဲ႕ ျမန္မာ့ေ႐ႊ ေရာင္းလို၊ ဝယ္လိုသူေတြအတြက္ ရႈေထာင့္တစ္ခုကို တင္ျပေပးတာ ျဖစ္ၿပီး ေရာင္းဖို႔ ဝယ္ဖို႔ ဆုံးျဖတ္ခ်က္ကိုေတာ့ ကိုယ္တိုင္သာ ခ်မွတ္ၾကေစလိုပါတယ္။ Source-ကိုၾကည္စိုးထြန္း (Your Gold Trade) , Gold News

Leave a Comment