နှစ်ပတ်ကျော်အတွင်း အမြင့်ဆုံး ပြန်ရောက်လာတဲ့ ကမ္ဘာ့ရွှေဈေး…

နှစ်ပတ်ကျော်အတွင်း အမြင့်ဆုံး ပြန်ရောက်လာတဲ့ ကမ္ဘာ့ရွှေဈေး…

သောကြာနေ့ ဈေးပိတ်ချိန်က ကမ္ဘာ့ရွှေဈေးနှုန်းဟာ သီတင်းပတ် နှစ်ပတ်ကျော်အတွင်း အမြင့်ဆုံးကို ရောက်လာခဲ့ပါတယ်။

အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းတွေကို ရှေ့နှစ်ဆန်းမှာ စတင် လျှော့ချလာမယ်လို့ ယူဆရတဲ့အတွက် ရွှေဈေးအတက်ပြနေတာ ဖြစ်ပါတယ်။

ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို ၂၀၅၃ ဒေါ်လာဝန်းကျင်နဲ့ ဈေးပိတ်ခဲ့ပြီး ဒီဇင်ဘာ ၄ ရက်နေ့ နောက်ပိုင်းမှာ အမြင့်ဆုံးဈေး ဖြစ်ခဲ့ပါတယ်။ အမေရိကန်ရွှေကြိုပွိုင့်ဈေးကလည်း ၂၀၆၉ ဒေါ်လာနဲ့ ဈေးပိတ်ခဲ့ပါတယ်။

အမေရိကန်ဗဟိုဘဏ်အနေနဲ့ ၂၀၂၄ ခုနှစ်၊ မတ်လမှာ အတိုးနှုန်းတွေ စလျှော့မယ်လို့ အများက ခန့်မှန်းနေပြီး အဲဒီယူဆချက်တွေကြောင့်ပဲ ရွှေ အပါဝင် အဖိုးတန်သတ္တုဈေးနှုန်းတွေ အားကောင်းနေတယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာ ကမ္ဘာ့ရွှေဈေးနဲ့ ပြောင်းပြန် ဖြစ်နေကျ ဒေါ်လာတန်ဖိုးကတော့ ငါးလအတွင်း အနိမ့်ဆုံးအထိ ကျသွားတဲ့အတွက် ဒေါ်လာနဲ့ ဈေးဖြတ်တဲ့ရွှေကို ဝယ်လိုအား ကောင်းစေပါတယ်။ (Current Content ကနေ တင်ဆက်တဲ့ သတင်း ဖြစ်ပါတယ်)

ကမ္ဘာ့ရွှေဈေး အမြင့်တန်းမှာ ရှိနေတာကြောင့် မြန်မာပြည်တွင်းရွှေဈေးကလည်း တစ်ကျပ်သားကို ၃၇ သိန်း ဝန်းကျင်မှာ ဆက်လက် တည်ရှိနေပါတယ်။

ထူးခြားချက်အနေနဲ့ အရင်က ပြင်ပရွှေဈေးနဲ့ ကျပ်သိန်းချီ ကွာဟလေ့ရှိတဲ့ ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း YGEA ရဲ့ သတ်မှတ်ရွှေဈေးဟာ အခုတော့ ပြင်ပရွှေဈေးနဲ့ ထပ်တူနီးပါး လိုက်လာပြီး တစ်ကျပ်သားကို ၃၇ သိန်းအထိ ရောက်ရှိလာတာ ဖြစ်ပါတယ်။ Ref: Reuters စာရေးသူ – ဖီးနစ်

Credit

Zawgyi

ႏွစ္ပတ္ေက်ာ္အတြင္း အျမင့္ဆုံး ျပန္ေရာက္လာတဲ့ ကမာၻ႔ေ႐ႊေဈး…

ေသာၾကာေန႕ ေဈးပိတ္ခ်ိန္က ကမာၻ႔ေ႐ႊေဈးႏႈန္းဟာ သီတင္းပတ္ ႏွစ္ပတ္ေက်ာ္အတြင္း အျမင့္ဆုံးကို ေရာက္လာခဲ့ပါတယ္။

အေမရိကန္ဗဟိုဘဏ္က အတိုးႏႈန္းေတြကို ေရွ႕ႏွစ္ဆန္းမွာ စတင္ ေလွ်ာ့ခ်လာမယ္လို႔ ယူဆရတဲ့အတြက္ ေ႐ႊေဈးအတက္ျပေနတာ ျဖစ္ပါတယ္။

ကမာၻ႔ေ႐ႊေဈးဟာ တစ္ေအာင္စကို ၂၀၅၃ ေဒၚလာဝန္းက်င္နဲ႕ ေဈးပိတ္ခဲ့ၿပီး ဒီဇင္ဘာ ၄ ရက္ေန႕ ေနာက္ပိုင္းမွာ အျမင့္ဆုံးေဈး ျဖစ္ခဲ့ပါတယ္။ အေမရိကန္ေ႐ႊႀကိဳပြိုင့္ေဈးကလည္း ၂၀၆၉ ေဒၚလာနဲ႕ ေဈးပိတ္ခဲ့ပါတယ္။

အေမရိကန္ဗဟိုဘဏ္အေနနဲ႕ ၂၀၂၄ ခုႏွစ္၊ မတ္လမွာ အတိုးႏႈန္းေတြ စေလွ်ာ့မယ္လို႔ အမ်ားက ခန႔္မွန္းေနၿပီး အဲဒီယူဆခ်က္ေတြေၾကာင့္ပဲ ေ႐ႊ အပါဝင္ အဖိုးတန္သတၱဳေဈးႏႈန္းေတြ အားေကာင္းေနတယ္လို႔ ဆိုပါတယ္။

တခ်ိန္တည္းမွာ ကမာၻ႔ေ႐ႊေဈးနဲ႕ ေျပာင္းျပန္ ျဖစ္ေနက် ေဒၚလာတန္ဖိုးကေတာ့ ငါးလအတြင္း အနိမ့္ဆုံးအထိ က်သြားတဲ့အတြက္ ေဒၚလာနဲ႕ ေဈးျဖတ္တဲ့ေ႐ႊကို ဝယ္လိုအား ေကာင္းေစပါတယ္။ (Current Content ကေန တင္ဆက္တဲ့ သတင္း ျဖစ္ပါတယ္)

ကမာၻ႔ေ႐ႊေဈး အျမင့္တန္းမွာ ရွိေနတာေၾကာင့္ ျမန္မာျပည္တြင္းေ႐ႊေဈးကလည္း တစ္က်ပ္သားကို ၃၇ သိန္း ဝန္းက်င္မွာ ဆက္လက္ တည္ရွိေနပါတယ္။

ထူးျခားခ်က္အေနနဲ႕ အရင္က ျပင္ပေ႐ႊေဈးနဲ႕ က်ပ္သိန္းခ်ီ ကြာဟေလ့ရွိတဲ့ ရန္ကုန္ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း YGEA ရဲ႕ သတ္မွတ္ေ႐ႊေဈးဟာ အခုေတာ့ ျပင္ပေ႐ႊေဈးနဲ႕ ထပ္တူနီးပါး လိုက္လာၿပီး တစ္က်ပ္သားကို ၃၇ သိန္းအထိ ေရာက္ရွိလာတာ ျဖစ္ပါတယ္။ Ref: Reuters စာေရးသူ – ဖီးနစ္

Leave a Comment