ကမ္ဘာ့ရွှေဈေး အမြင့်ဆုံး ရောက်ပြီး ပြည်တွင်းရွှေဈေး တက်ရိပ်ဖြစ်လာ

ကမ္ဘာ့ရွှေဈေး အမြင့်ဆုံး ရောက်ပြီး ပြည်တွင်းရွှေဈေး တက်ရိပ်ဖြစ်လာ

အမေရိကန်ဗဟိုဘဏ်အနေနဲ့ ၂၀၂၄ မတ်လထက်နောက်မကျဘဲ အတိုးနှုန်းတွေ လျှော့ချတော့မယ် လို့ ယူဆလာတဲ့အတွက် ဒေါ်လာနဲ့ ငွေတိုက်စာချုပ်တန်ဖိုးတွေ လများစွာအတွင်း အနိမ့်ဆုံး ကျလာပြီး ကမ္ဘာ့ရွှေဈေးကတော့ သုံးပတ်တာ အမြင့်ဆုံးကို ရောက်လာပါတယ်။

ဒီနေ့ ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၂၀၈၆ ဒေါ်လာဝန်းကျင် ရှိနေပြီး ဒီဇင်ဘာ ၄ ရက်နောက်ပိုင်း အမြင့်ဆုံး ဖြစ်နေပါတယ်။ အမေရိကန်ရွှေကြိုပွိုင့်ဈေးကလည်း ၂၀၉၇ ဒေါ်လာကို မြင့်လာပါတယ်။ (Current Content ရဲ့သတင်း ဖြစ်ပါတယ်)

ယူကရိန်း-ရုရှားနဲ့ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခတွေနဲ့အတူ အမေရိကန်ဗဟိုဘဏ်ရဲ့အတိုးနှုန်း လျှော့ချမယ့်အလားအလာတွေကြောင့် ကမ္ဘာ့ရွှေဈေးက ဒီနှစ်ထဲမှာ ၁၄ % မြင့်နေပြီး သုံးနှစ်အတွင်း ဈေးအများဆုံး မြင့်တက်မှု ဖြစ်လာပါတယ်။

ကမ္ဘာ့ရွှေဈေး အမြင့်ကို ရောက်နေချိန်မှာ မြန်မာပြည်တွင်းရွှေဈေးက တစ်ကျပ်သားကို ၃၇ သိန်းမှာ လည်ပတ် လှုပ်ရှားနေရာကနေ ကျပ် ၃၇ သိန်းအပေါ်ကို တက်ရိပ် ဖြစ်ပေါ်လာနေပါတယ်။

မကြာသေးခင်က ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က သူ့ရဲ့ သတ်မှတ်ရွှေဈေးကို AD လိုင်စင်ရဘဏ်တွေကြား ရောင်းဝယ်တဲ့ငွေလဲနှုန်းနဲ့ ပြောင်းလဲတွက်ချက်လာတဲ့နောက် YGEA ရွှေဈေးက ပြင်ပရွှေဈေးထက်တောင် မြင့်မားလာတာ တွေ့ရပါတယ်။

ဒီနေ့ YGEA အသင်းရဲ့ ရွှေဈေးနှုန်းက တစ်ကျပ်သားကို ၃၇ သိန်း ၆ သောင်းကျော်အထိ ဖြစ်လာပေမဲ့ ပြင်ပရွှေဈေးကတော့ ၃၇ သိန်း ၂ သောင်းခွဲခန့်သာ ရှိနေတဲ့အတွက် ကျပ် ၄ သောင်းနီးပါးထိ ကွာဟမှု ဖြစ်နေပါတယ်။ Ref: Nasdaq, YGEA စာရေးသူ- ငွေကြယ်

Credit

Zawgyi

ကမာၻ႔ေ႐ႊေဈး အျမင့္ဆုံး ေရာက္ၿပီး ျပည္တြင္းေ႐ႊေဈး တက္ရိပ္ျဖစ္လာ

အေမရိကန္ဗဟိုဘဏ္အေနနဲ႕ ၂၀၂၄ မတ္လထက္ေနာက္မက်ဘဲ အတိုးႏႈန္းေတြ ေလွ်ာ့ခ်ေတာ့မယ္ လို႔ ယူဆလာတဲ့အတြက္ ေဒၚလာနဲ႕ ေငြတိုက္စာခ်ဳပ္တန္ဖိုးေတြ လမ်ားစြာအတြင္း အနိမ့္ဆုံး က်လာၿပီး ကမာၻ႔ေ႐ႊေဈးကေတာ့ သုံးပတ္တာ အျမင့္ဆုံးကို ေရာက္လာပါတယ္။

ဒီေန႕ ကမာၻ႔ေ႐ႊေဈးက တစ္ေအာင္စကို ၂၀၈၆ ေဒၚလာဝန္းက်င္ ရွိေနၿပီး ဒီဇင္ဘာ ၄ ရက္ေနာက္ပိုင္း အျမင့္ဆုံး ျဖစ္ေနပါတယ္။ အေမရိကန္ေ႐ႊႀကိဳပြိုင့္ေဈးကလည္း ၂၀၉၇ ေဒၚလာကို ျမင့္လာပါတယ္။ (Current Content ရဲ႕သတင္း ျဖစ္ပါတယ္)

ယူကရိန္း-႐ုရွားနဲ႕ အေရွ႕အလယ္ပိုင္းေဒသ ပဋိပကၡေတြနဲ႕အတူ အေမရိကန္ဗဟိုဘဏ္ရဲ႕အတိုးႏႈန္း ေလွ်ာ့ခ်မယ့္အလားအလာေတြေၾကာင့္ ကမာၻ႔ေ႐ႊေဈးက ဒီႏွစ္ထဲမွာ ၁၄ % ျမင့္ေနၿပီး သုံးႏွစ္အတြင္း ေဈးအမ်ားဆုံး ျမင့္တက္မႈ ျဖစ္လာပါတယ္။

ကမာၻ႔ေ႐ႊေဈး အျမင့္ကို ေရာက္ေနခ်ိန္မွာ ျမန္မာျပည္တြင္းေ႐ႊေဈးက တစ္က်ပ္သားကို ၃၇ သိန္းမွာ လည္ပတ္ လႈပ္ရွားေနရာကေန က်ပ္ ၃၇ သိန္းအေပၚကို တက္ရိပ္ ျဖစ္ေပၚလာေနပါတယ္။

မၾကာေသးခင္က ရန္ကုန္တိုင္း ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း YGEA က သူ႕ရဲ႕ သတ္မွတ္ေ႐ႊေဈးကို AD လိုင္စင္ရဘဏ္ေတြၾကား ေရာင္းဝယ္တဲ့ေငြလဲႏႈန္းနဲ႕ ေျပာင္းလဲတြက္ခ်က္လာတဲ့ေနာက္ YGEA ေ႐ႊေဈးက ျပင္ပေ႐ႊေဈးထက္ေတာင္ ျမင့္မားလာတာ ေတြ႕ရပါတယ္။

ဒီေန႕ YGEA အသင္းရဲ႕ ေ႐ႊေဈးႏႈန္းက တစ္က်ပ္သားကို ၃၇ သိန္း ၆ ေသာင္းေက်ာ္အထိ ျဖစ္လာေပမဲ့ ျပင္ပေ႐ႊေဈးကေတာ့ ၃၇ သိန္း ၂ ေသာင္းခြဲခန႔္သာ ရွိေနတဲ့အတြက္ က်ပ္ ၄ ေသာင္းနီးပါးထိ ကြာဟမႈ ျဖစ္ေနပါတယ္။ Ref: Nasdaq, YGEA စာေရးသူ- ေငြၾကယ္

Leave a Comment