အနိမ့်ဆုံး ကျနေတဲ့ ကမ္ဘာ့ရွှေဈေး သိသာစွာ ပြန်ခုန်တက်လာ

အနိမ့်ဆုံး ကျနေတဲ့ ကမ္ဘာ့ရွှေဈေး သိသာစွာ ပြန်ခုန်တက်လာ

အမေရိကန်ဗဟိုဘဏ်အစည်းအဝေးမှာ အတိုးနှုန်းမြှင့်တင်တာတွေကို ရပ်တန့်တော့မယ့်အကြောင်း အရိပ်အမြွက် ပြောဆိုလာတဲ့အတွက် ဒီမနက်မှာ ဒေါ်လာဈေး ကျပြီး ကမ္ဘာ့ရွှေဈေး ခုန်တက်လာပါတယ်။

ပြီးခဲ့တဲ့ရက်တွေက ကမ္ဘာ့ရွှေဈေးဟာ ဒေါ်လာ ၂၀၀၀ ဈေးတန်းအောက် ကျပြီး သုံးပတ်အတွင်း အနိမ့်ဆုံးထိ ရောက်နေရာက ဒီနေ့မှာ ဒေါ်လာ ၂၀၀၀ အပေါ်ကို ပြန်ခုန်တက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၂၀၃၅ ဒေါ်လာဝန်းကျင်မှာ ရှိနေပြီး အမေရိကန်ရွှေကြိုပွိုင့်ကလည်း တစ်အောင်စကို ၂၀၄၆ ဒေါ်လာကျော်ကို ပြန်တက်လာနိုင်ခဲ့ပါတယ်။

(Current Content က တင်ပြတဲ့သတင်း ဖြစ်ပါတယ်)

အမေရိကန်ဗဟိုဘဏ်က ငွေကြေးမူဝါဒကို ဖြေလျှော့မယ့်အလားအလာ ရှိနေတာကြောင့် ကမ္ဘာ့ရွှေဈေးဟာ ၁၉၈၀ ဒေါ်လာ အခံဈေးတန်းကို ထိန်းထားရာက ဒေါ်လာ ၂၀၀၀ အထက် ပြန်ကန်တက်ဖို့ အရှိန်အဟုန်တွေ ရသွားခဲ့တယ်လို့ ဈေးကွက်လေ့လာသူတွေက ပြောပါတယ်။

ကမ္ဘာ့ရွှေဈေး ပြန်ခုန်တက်လာချိန်မှာ မြန်မာပြည်တွင်းရွှေဈေးက တစ်ကျပ်သားကို ကျပ် ၃၇ သိန်းအပေါ် ပြန် ရောက်လာပြီး အရင်ရက်တွေက ကျပ် ၃၇ သိန်းအထက်အောက်မှာ လှုပ်ရှားနေရာကနေ ၃၇ သိန်းအပေါ်ကို အခိုင်အမာ ရပ်တည်လာနိုင်ခဲ့ပါတယ်။

စာရေးသူ- ငွေကြယ်

Credit

Zawgyi

အနိမ့္ဆုံး က်ေနတဲ့ ကမာၻ႔ေ႐ႊေဈး သိသာစြာ ျပန္ခုန္တက္လာ

အေမရိကန္ဗဟိုဘဏ္အစည္းအေဝးမွာ အတိုးႏႈန္းျမႇင့္တင္တာေတြကို ရပ္တန႔္ေတာ့မယ့္အေၾကာင္း အရိပ္အႁမြက္ ေျပာဆိုလာတဲ့အတြက္ ဒီမနက္မွာ ေဒၚလာေဈး က်ၿပီး ကမာၻ႔ေ႐ႊေဈး ခုန္တက္လာပါတယ္။

ၿပီးခဲ့တဲ့ရက္ေတြက ကမာၻ႔ေ႐ႊေဈးဟာ ေဒၚလာ ၂၀၀၀ ေဈးတန္းေအာက္ က်ၿပီး သုံးပတ္အတြင္း အနိမ့္ဆုံးထိ ေရာက္ေနရာက ဒီေန႕မွာ ေဒၚလာ ၂၀၀၀ အေပၚကို ျပန္ခုန္တက္လာနိုင္ခဲ့တာ ျဖစ္ပါတယ္။

လက္ရွိ ကမာၻ႔ေ႐ႊေဈးက တစ္ေအာင္စကို ၂၀၃၅ ေဒၚလာဝန္းက်င္မွာ ရွိေနၿပီး အေမရိကန္ေ႐ႊႀကိဳပြိုင့္ကလည္း တစ္ေအာင္စကို ၂၀၄၆ ေဒၚလာေက်ာ္ကို ျပန္တက္လာနိုင္ခဲ့ပါတယ္။

(Current Content က တင္ျပတဲ့သတင္း ျဖစ္ပါတယ္)

အေမရိကန္ဗဟိုဘဏ္က ေငြေၾကးမူဝါဒကို ေျဖေလွ်ာ့မယ့္အလားအလာ ရွိေနတာေၾကာင့္ ကမာၻ႔ေ႐ႊေဈးဟာ ၁၉၈၀ ေဒၚလာ အခံေဈးတန္းကို ထိန္းထားရာက ေဒၚလာ ၂၀၀၀ အထက္ ျပန္ကန္တက္ဖို႔ အရွိန္အဟုန္ေတြ ရသြားခဲ့တယ္လို႔ ေဈးကြက္ေလ့လာသူေတြက ေျပာပါတယ္။

ကမာၻ႔ေ႐ႊေဈး ျပန္ခုန္တက္လာခ်ိန္မွာ ျမန္မာျပည္တြင္းေ႐ႊေဈးက တစ္က်ပ္သားကို က်ပ္ ၃၇ သိန္းအေပၚ ျပန္ ေရာက္လာၿပီး အရင္ရက္ေတြက က်ပ္ ၃၇ သိန္းအထက္ေအာက္မွာ လႈပ္ရွားေနရာကေန ၃၇ သိန္းအေပၚကို အခိုင္အမာ ရပ္တည္လာနိုင္ခဲ့ပါတယ္။

စာေရးသူ- ေငြၾကယ္

Leave a Comment