အရမ်း Ro တဲ့ ချစ်သူစုံတွဲလေးအဖြစ် တွေ့မြင်ရတဲ့ အောင်လေးနဲ့ သင်ဇာဝင့်ကျော်

အရမ်း Ro တဲ့ ချစ်သူစုံတွဲလေးအဖြစ် တွေ့မြင်ရတဲ့ အောင်လေးနဲ့ သင်ဇာဝင့်ကျော်

Posted on

အနုပညာလောကရဲ့ အကျော်အမော်တွေဖြစ်ကြတဲ့ အောင်လေးနဲ့ သင်ဇာဝင့်ကျော်တို့က အောင်မြင်မှုလမ်းမပေါ်မှာ ကိုယ်စီလျှောက်လှမ်းနေကြသူတွေ ဖြစ်ပါတယ်။ အောင်လေးကလည်း မိန်းကလေး ပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးခြင်းခံရသူတစ်ယောက်ဖြစ်သလို သင်ဇာဝင့်ကျော်ကလည်း ပုရိသအမျိုးသားတွေရဲ့ အသည်းနှလုံးကို ဖမ်းစားထားနိုင်သူတစ်ယောက် ဖြစ်ပါတယ်။ အောင်လေးနဲ့ သင်ဇာဝင့်ကျော်က ရုပ်ရှင်ဇာတ်ကားတွေကို သိပ်မရိုက်ကူးဖြစ်ပေမယ့် ကြော်ငြာတွေမှာတော့ အတွဲညီညီနဲ့ သရုပ်ဆောင်ကြသူတွေ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း အောင်လေးနဲ့ သင်ဇာဝင့်ကျော်တို့နှစ်ယောက်က အဆိုတော် စစ်သွေးရဲ့ “တိတ်တိတ်လေးကြေကွဲ” သီချင်း MV မှာ သရုပ်ဆောင်ပေးနေတာကို တွေ့ရပါတယ်။ အောင်လေးနဲ့ သင်ဇာဝင့်ကျော်တို့က ထိုသီချင်း MV မှာ အရမ်းRo တဲ့ ချစ်သူစုံတွဲလေးအဖြစ် မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

အောင်လေးနဲ့ သင်ဇာဝင့်ကျော်တို့ အနုပညာမောင်နှမကတော့ ကျရာကာရိုက်တာအတိုင်း စီးမြောခံစားရင်း အကောင်းဆုံး သရုပ်ဆောင်နေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း အောင်လေးနဲ့ သင်ဇာဝင့်ကျော်တို့ သရုပ်ဆောင်ထားတဲ့ သီချင်း MV လေး ထွက်ရှိလာရင် အားပေးကြဖို့ မမေ့ပါနဲ့နော်။

Source: Thin Zar Wint Kyaw’s fb

Leave a Reply

Your email address will not be published. Required fields are marked *