@Facebook

ဦးဉာဏ်က မုန်းဖို့ကောင်းပေမယ့် အနုပညာကိုချစ်ပြီးအားပေးခဲ့လို့ ကျေးဇူးတင်ပါတယ်ဆိုတဲ့ ညီထွဋ်ခေါင်

Posted on

ကျရာဇာတ်ကောင်တိုင်းကို ပီပြင်စွာသရုပ်ဆောင်နိုင် မင်းသားချော ညီထွဋ်ခေါင်ကတော့ ကာရာအိုကေ၊ဗွီဒီယိုခေတ်ထဲကနေ ယနေ့ရုပ်ရှင်ခေတ်ထိ မမှေးမှိန်သွားဘဲ အနုပညာခရီးလမ်းကိုလျှောက်လှမ်းနေနိုင်ခဲ့တာဖြစ်ပါတယ်။သူကတော့ လက်ရှိ MRTV-4 ရုပ်သံလိုင်းမှာထုတ်လွှင့်ပြသနေဆဲဖြစ်တဲ့ အချစ်ဖွဲ့လေညင်း ရုပ်သံဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

@Facebook

မင်းသားချော ညီထွဋ်ခေါင်ကတော့ အချစ်ဖွဲ့လေညင်း ရုပ်သံဇာတ်လမ်းတွဲမှာတော့ ဦးဉာဏ် (ခ) အူးခေါင် ဆိုတဲ့ ဗီလိန်ဇာတ်ရုပ်ကို အကောင်းဆုံး ကြိုးစားသရုပ်ဆောင်ထားပြီး ဒီဇာတ်လမ်းတွဲကြည့်သူတိုင်းမုန်းမိအောင်ကို သရုပ်ဆောင်ကောင်းလွန်းပါတယ်။ သူဟာ အချစ်ဖွဲ့လေညင်း ရုပ်သံဇာတ်လမ်းတွဲထဲက ဦးဉာဏ်က မုန်းဖို့ကောင်းပေမယ့် အနုပညာကိုချစ်ပြီးအားပေးခဲ့တဲ့ ပရိသတ်တွေကို “#ဦးဉာဏ် ကို မေ့သွားတော့မှာလည်း သိပါတယ် #ဦးဉာဏ် မုန်းဖို့ကောင်းတာကို မုန်းပေးတဲ့သူရော #ဦးဉာဏ် မုန်းဖို့ကောင်းပေမယ့် ချစ်ပေးတဲ့သူတွေကိုရော #ဦးဉာဏ် (ခ) #အူးခေါင် က ကျေးဇူးအများကြီးတင်ရင်း နှုတ်ဆက်ပါတယ်ဗျ #နောက်ထပ်လည်းထပ်ဆုံတွေ့ဖို့မျှော်လင့်ရင်း”လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

@Facebook

ပရိတ်ကြီးရေ အချစ်ဖွဲ့လေညင်း ရုပ်သံဇာတ်လမ်းတွဲ ကြည့်သူတိုင်းမုန်းမိအောင်ကိုဗီလိန်ဇာတ်ရုပ်ကို အကောင်းဆုံး ကြိုးစားသရုပ်ဆောင်ထားတဲ့ မင်းသားချော ညီထွဋ်ခေါင်ကတော့ ဦးဉာဏ် (ခ) အူးခေါင် ဆိုတဲ့ ဗီလိန်ဇာတ်ရုပ်ကို မုန်းဖို့ကောင်းပေမယ့် အနုပညာကိုချစ်ပြီးအားပေးခဲ့လို့ ကျေးဇူးအများကြီးတင်ပါတယ်တဲ့နော်။

Source: Nyi Htut Khaung

Leave a Reply

Your email address will not be published. Required fields are marked *