@Facebook

ဝေဖန်ကဲ့ရဲ့သူတွေရဲ့ စကားကြောင့် အစ်မဖြစ်သူ ဝတ်မှုံရွှေရည်လောက် မလှတာ အပြစ်တစ်ခုလိုတောင် ခံစားနေရပြီဆိုတဲ့ နဒီရွှေရည်

Posted on

ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချော ဝတ်မှုံရွှေရည်ဆီမှာ သူမထက် အသက် (၁၀)နှစ်ငယ်တဲ့ ညီမလေးတစ်ယောက်ရှိတာ ပရိသတ်ကြီးလည်း သိပြီးသား ဖြစ်မှာပါ။ ဝတ်မှုံရွှေရည်ရဲ့ညီမ နဒီရွှေရည်က အစ်မဖြစ်သူနဲ့ ကြော်ငြာလေးတစ်ခုသာ အတူတူရိုက်ကူးဖူးသူဖြစ်ပြီး အနုပညာလုပ်ငန်းတွေကို စိတ်မဝင်စားပဲ အလှအပရေးရာကိုသာ နှစ်သက်သူတစ်ယောက် ဖြစ်ပါတယ်။

@Facebook

အဲ့ဒါကြောင့်လည်း နဒီရွှေရည်က သူမရဲ့ကိုယ်ပိုင်ဖေ့စ်ဘုတ်ပေ့ချ်လေးမှာ အလှအပ နဲ့ပက်သတ်တဲ့အကြောင်းအရာတွေကို မျှဝေပြီးBeauty Blogger တစ်ယောက်အဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။နဒီရွှေရည်က အခုမှ Beauty Blogger လမ်းကြောင်းကို စတင်ရောက်ရှိသူပီပီ အားပေးသူပရိသတ်တွေလည်းရှိသလို ပြစ်တင်ဝေဖန်ပြောဆိုသူတွေနဲ့လည်း ကြုံတွေ့နေရတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာလည်း နဒီရွှေရည်က ပြစ်တင်ဝေဖန်သူတွေရဲ့စကားကြောင့် အစ်မဖြစ်သူ ဝတ်မှုံရွှေရည်လောက် မလှတာကို အပြစ်တစ်ခုလို ခံစားနေရကြောင်းကို “မျက်ခုံးမွှေးလေးမဆွဲတတ်လို့ဆွဲ ပြကြပါဦး ဆရာမတို့ရယ် ကျွန်မလည်း ကျွန်မ အမလောက်မချောတာအပြစ်တစ်ခုလို့ပဲအေ ??” ဆိုပြီး ရင်ဖွင့်လာပါတယ်။

@Facebook

ဘာပဲဖြစ်ဖြစ် ဝတ်မှုံရွှေရည်ကတော့ ညီမလေး နဒီရွှေရည်နဲ့ ပက်သတ်ရင် အမြဲတမ်းနောက်ကွယ်ကနေ ကူညီပံ့ပိုးပေးနေတာပဲ ဖြစ်ပါတယ်။ နဒီရွှေရည်လည်း ဝေဖန်သူတွေရဲ့စကားကိုနားမယောင်ပဲ ဒီထက်မက ပိုတော်ပြီး ပရိသတ်တွေချစ်တဲ့ Beauty Blogger တစ်ယောက်ဖြစ်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *