@Facebook

လူတစ်ယောက်က မပြောခင်စဉ်းစား.. ပြောပြီးသွားရင် ဖြစ်အောင်လုပ်ရမယ်လို့ မိန့်ကြားတဲ့ ဦးဇင်းကိတ္ထိသာရ

Posted on

ဒိတ်ဒိတ်ကြဲအောင်မြင်ကျော်ကြားမှုတွေကို စွန့်လွှတ်ပြီး ရဟန်းဘဝနဲ့ တရားအားထုတ်နေတဲ့ မင်းသားကြီးဦးကျော်ဟိန်းရဲ့အနုပညာတွေကိုတော့ ပရိသတ်တွေမှတ်မှတ်ထင်ထင်ရှိကြမှာပါ။ ဦးကျော်ဟိန်းကတော့ သူအနုပညာလောက ကစွန့်ခွာမယ့်နေ့ကို (၂၀၀၈) ခုနှစ်ရောက်ရင် ကျော်ဟိန်းဘဝကို စွန့်လွှတ်ပြီဆိုပြီး (၂၀၀၀)ခုနှစ်ကတည်းက ကြိုတင်ကြေညာခဲ့သူပါ။ အခုချိန်မှာတော့ သူကြေညာခဲ့တဲ့အတိုင်းပဲ (၂၀၀၈) ခုနှစ် နိုဝင်ဘာ(၅)ရက်နေ့မှစတင်ကာ ယနေ့အချိန်ထိ စစ်မှန်အေးချမ်းတဲ့ ရဟန်းဘဝနဲ့ သြစတေးလျနိုင်ငံမှာ သီတင်းသုံးလျက်ရှိပါတယ်။

@Facebook

အနုပညာလောကက စွန့်ခွာလိုက်ကတည်းက ဘာသတင်းမှမကြားရတော့ပေမယ့် လွန်ခဲ့တဲ့ရက်ပိုင်းကတော့ ဦးဇင်းကိတ္ထိသာရ ဘဝနဲ့တရားအားထုတ်နေတဲ့ ဦးဇင်းကျော်ဟိန်းရဲ့တရား ဗွီဒီယိုဖိုင်ကတော့ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒီဗွီဒီယိုဖိုင်ထဲမှာတော့ ဦးဇင်းကို နောက်ဘဝကျရင်ရော မင်းသားဘဝလိုချင်လား .. ဦးဇင်းဘဝလိုချင်လား လို့ မေးခွန်းထုတ်ထားခဲ့တဲ့ မေးခွန်းလေးကို မူတည်ပြီး ဦးဇင်းကတော့ တစ်နာရီစာ တရားဟောခဲ့ပါတယ်။

@Facebook

ဦးဇင်းရဲ့ တရားထဲမှာတော့ ” ကျော်ဟိန်းဘဝတုန်းက ဇွတ်တရွတ်အောင်မြင်ချင်တာပဲ သိတယ်.. ပညာမတတ်ဘူး.. ငါနံပါတ်(၁) ဖြစ်ရမယ်ဆိုတဲ့ စိတ်ပဲရှိတယ်။ အခန်းထဲမှာ တီဗွီ(၇) လုံးထားပြီး အကုန်ကြည့်တယ်.. ဘာမှဖြစ်မလာဘူး.. မအောင်မြင်ဘူး.. တစ်ခုတည်းပဲ ကြည့်လို့ရတယ်.. အဲ့အချိန်မှာ စသိခဲ့တယ်.. စိတ်ဆိုတာ ဘယ်လောက်များများ တစ်ခုပဲလုပ်တယ်.. အဲ့တစ်ခုကလည်း ခဏပဲ.. အဲ့အချိန်မှာ ငါဘာတွေလုပ်နေတာလဲ ဆိုတဲ့စိတ် စဝင်လာတာပဲ… ကျော်ဟိန်းဘဝကို စွန့်လွှတ်တော့မယ်လို့ ကြေညာလိုက်တဲ့အခါမှာလည်း လူတွေက ကျော်ဟိန်းတော့ စတန့်ထွင်ပြန်ပြီ.. ဒီလူကြီးကပြောပြီး လုပ်လည်းမလုပ်ဘူးကွာ အဲ့လိုပြောမှာတွေ… အဲ့ဒါပိုရှက်စရာကောင်းတယ်.. အဲ့ဒီစကားတွေက ပိုပြီးတော့ တွန်းအားပေးခဲ့တယ်.. လူတစ်ယောက်က မပြောခင်စဉ်းစား.. ပြောပြီးသွားရင် ဖြစ်အောင်လုပ်ရမယ်” စတဲ့ ဦးဇင်းဘဝမရောက်ခင်က အချိန်တွေအကြောင်းကို ပြန်ပြောင်း ပြောကြားခဲ့တဲ့အပြင် လာရောက်ကြတဲ့ တရားနာပရိသတ်တွေအတွက်လည်း တရားရေအေး အမြိုက်ဆေးတိုက်ကျွေးခဲ့တာမို့ ပရိသတ်ကြီးလည်း ဦးဇင်းကတ္ထိသာရရဲ့တရားတော်ကို နာယူနိုင်ဖို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Mahar Channel

Leave a Reply

Your email address will not be published. Required fields are marked *