@Facebook

ဒီနေ့မနက် မျက်လုံး ခဏပွင့်လာတယ်ဆိုတဲ့ ဦးမန်းဝင်းရဲ့ လက်ရှိအခြေအနေ

Posted on

ပရိသတ်တွေရဲ့အချစ်တော် လူရွှင်တော်ဦးမန်းဝင်းကတော့ လက်ရှိအချိန်မှာ အဆိုးရွားဆုံးကျန်းမာရေးအခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဦးနှောက်သွေးယိုစိမ့်မှုကြောင့် အရေးပေါ်ဆေးရုံတင်ခဲ့ရတာဖြစ်ပြီး ခွဲစိတ်မှုပြုလုပ်ပြီးနောက်မှာတော့ ပြန်လည်မနိုးထလာတဲ့ အခြေအနေနဲ့ အိပ်ရာထဲ လဲနေရပါတယ်။

@Facebook

ဦးမန်းဝင်းရဲ့လက်ရှိအခြေအနေကြောင့် မိသားစုဝင်တွေလည်း ယူကြုံးမရဖြစ်နေကြတာကိုတော့ ပရိသတ်တွေလည်း တွေ့မြင်ရမှာပါ။ လတ်တလောမှာတော့ ဦးမန်းဝင်းရဲ့စိတ်ဆန္ဒအတိုင်း အိမ်မှာပဲ ခေါ်ထားပြီး ပြုစုနေရာမှ ဒီနေ့မနက်မှာတော့ မျက်လုံးခဏဖွင့်ကြည့်ခဲ့တယ်ဆိုတဲ့အကြောင်းကို မိသားစုဝင်တွေက ဖော်ပြခဲ့ပါတယ်။

ဘဝတလျှောက်လုံး ပရိသတ်တွေအတွက် ဟာဒယရွှင်ဆေးတိုက်ကျွေးခဲ့သူ ဦးမန်းဝင်းကို ချစ်ခင်ကြတဲ့ပရိသတ်တွေကတော့ အမြန်ဆုံးနေပြန်ကောင်းပြီး ကျန်းကျန်းမာမာနေထိုင်နိုင်ဖို့ ဆုတောင်းပေးလျက်ရှိပါတယ်။

@Facebook

ဆရာဝန်တွေက သုံးပတ်လောက်အိပ်ပျော်နေမယ်လို့ ပြောထားပေမယ့် ဒီနေ့မှာ မျက်လုံးလေးပွင့်လာတယ်ဆိုတော့ ဝမ်းသာစရာပါပဲနော်။ အမြန်ဆုံး နေပြန်ကောင်းလာပါစေ ဦးမန်းဝင်းကြီးရေ..

Leave a Reply

Your email address will not be published. Required fields are marked *