“ဂျီဟောသူ”အတွက် ကိုယ်တိုင်လည်း ရင်ခုန်နေခဲ့တဲ့ မေမီကိုကို

Posted on

‘ဂျီဟောသူ’ ဝတ္ထုထဲမှ ညိုထွေးကို ပရိသတ်က အများ ကြီးမျှော်လင့်ထားသဖြင့် ယင်း ဇာတ်လမ်းတွဲအတွက် ရင်ခုန်နေ ကြောင်း သရုပ်ဆောင် မေမီကိုကို ကပြောသည်။

‘‘မြိုင်နဲ့ ပိုလိုက်တယ်။ ညို ထွေးနဲ့တော့ ဘယ်လိုမှလိုက်မှာ မဟုတ်ဘူးဆိုတဲ့ မှတ်ချက်တွေ တွေ့ရတယ်။ ကိုယ်ကတော့ အ ကောင်းဆုံး ကြိုးစားခဲ့တယ်။ကိုယ်တိုင်လည်း ညိုထွေး ဖြစ်၊ မဖြစ် မသိရသေးဘူး။ ပရိသတ်နဲ့ အတူ ကြည့်ပြီးမှ သိရမယ်ထင် တယ်’’ ဟု ၎င်းကပြောသည်။

‘ဂျီဟောသူ’ ဇာတ်လမ်းတွဲ ရိုက်ကူးရာတွင် ဝတ္ထုဖတ်ထား သူများက ဝတ္ထုပျက်စီးမည်ကို စိုးရိမ်နေသည်ဟု မှတ်ချက်ပြုမှု များလည်း တွေ့ရကြောင်း ၎င်း ကဆိုသည်။‘‘ဂျီဟောသူက Castingဝင်တုန်းက ရင်ထိတ်ခဲ့ရတယ်။ တကယ်လည်း အရွေးခံခဲ့ရတော့ အရမ်းပျော်တယ်။ အရွေးခံရတာ နဲ့အမျှ တာဝန်ကျေအောင် ကြိုး စားရမယ်ဆိုတဲ့အသိ ဝင်လာ တော့ စိတ်ထဲမှာ အရမ်းမွန်းကျပ် ခဲ့တယ်’’ ဟု မေမီကိုကိုက ယင်း ဇာတ်လမ်းတွဲနှင့် ပတ်သက်၍ ခံစားမှုကိုပြောသည်။

ယင်းဇာတ်လမ်းတွဲကို မေ လအတွင်း စတင်ထုတ်လွှင့်မည် ဖြစ်ပြီး ညိုထွေး မဖြစ်မည်ကို စိုးရိမ်မိကြောင်း ၎င်းက ဆိုသည်။

လတ်တလောတွင် ‘မဟူရာ ပုလဲ’ ဇာတ်လမ်းတွဲ ရိုက်ကူးနေပြီး ယင်းဇာတ်လမ်းတွဲ၌ အိမ်ထောင် ရှင်မတစ်ဦးအဖြစ် ပါဝင်သရုပ် ဆောင်ထားကြောင်း မေမီကိုကို က ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *