ဝါရင့်သရုပ်ဆောင်ကျော်ရဲအောင်၊မေသဉ္ဇာဦးတို့နဲ့အတူ ရိုက်ကူးရေးလုပ်ဖြစ်ခဲ့တဲ့ အမှတ်တရလေးကို ချပြလာတဲ့ နက္ခတ်

Posted on

တည်ကြည်ခန့်ညားလွန်းတဲ့ မင်းသားချောလေး နက္ခတ်ကို ပရိသတ်တွေက ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ နက္ခတ်ကတော့ ဇာတ်လမ်းတွဲတွေရဲ့ မတူညီတဲ့ ကာရိုက်တာကို စိတ်ထဲနှစ်ကာ ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ မင်းသားချောလေးတစ်လက်ပါပဲနော်။

Photo-Natkhat

သူရဲ့ဇာတ်လမ်းတွဲတွေဟာဆိုရင် “ချစ်ရပါသောနွေ၊ ကျွန်တော်အမုန်းဆုံးကျွန်တော်…. စတဲ့ ဇာတ်လမ်းတွဲတွေမှာ ခေါင်းဆောင်မင်းသားတစ်လက်အဖြစ်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့အားပေးဝန်းရံမှုကြောင့် အောင်မြင်လာတဲ့ သူတစ်ဦးပဲဖြစ်ပါတယ်။

Photo-Natkhat

နက္ခတ်ရဲ့အချစ်ရေးဟာဆိုရင် တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေနဲ့ယုံကြည်စွာတည်ဆောက်ထားတဲ့ အချစ်ရေးလေးကိုပိုင်ဆိုင်ထားတာပါပဲနော်။ သူကတော့ ပရိသတ်တွေနဲ့ အဆက်မပြတ်သွားအောင် အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာလည်း နက္ခတ်က“မြန်မာ့သြဘာ TVCရိုက်ကွင်းအမှတ်တရ”လို့ဆိုပြီး ဝါရင့်မင်းသားနဲ့မင်းသမီးဖြစ်ကြတဲ့ ကျော်ရဲအောင်နဲ့ မေသဉ္ဇာဦးတို့နဲ့အတူ ရိုက်ကူးထားတဲ့အမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။

Photo-Natkhat

ပရိသတ်တွေအတွက် နက္ခတ်ရဲ့ TVCရိုက်ကွင်းအမှတ်တရပုံရိပ်လေးတွေကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း နက္ခတ်ကို အားပေးချစ်ခင်တယ်ဆိုရင် မှတ်ချက်လေး တစ်ခုလောက် ရေးပေးခဲ့ကြပါအုံးနော်။

Soure….Nat Khat’s Facebook

 

Leave a Reply

Your email address will not be published. Required fields are marked *