@Facebook

အင်းပြားမတွေ့ခင်က ဂေဟာမှာကြုံခဲ့ရတဲ့ အခက်အခဲတွေကို ပြောပြခဲ့တဲ့ ခိုင်နှင်းဝေ

Posted on

ခိုင်နှင်းဝေကတော့ မိဘမဲ့ ဂေဟာ ဖွင့်လှစ်ထားပြီး ရင်ခွင်မဲ့ ကလေးငယ်တွေကို ပြုစုစောင့်ရှောက်ပေးနေရုံသာမက ပြင်ပမှာ လိုအပ်နေတဲ့သူတွေကိုလည်း အမြဲမပြတ် ကူညီလှူဒါန်းပေးနေသူပါ။ လတ်တလောမှာ ခင်မင်ခဲ့ရတဲ့ အတွင်းလူတစ်ယောက်ရဲ့ လိမ်လည်မှု ငွေကြေး အရှုပ်အရှင်းများကြောင့် တရားစွဲဆိုနေတာပဲ ဖြစ်ပါတယ်။

@Facebook

သူမ ဖွင့်လှစ်ထားတဲ့ မိဘမဲ့ဂေဟာအတွင်းမှာ အင်းပြားတစ်ခုကို တွေ့ခဲ့ပြီး အဆိုပါ အင်းပြားဟာ လူသေမှာ အသုံးပြုတဲ့ ပိတ်စကို သုံးထားတယ်လို့လည်း သိရပါတယ်။ အင်းပြားတွေ့ရှိမှုနဲ့ ပက်သက်ပြီး ကလေးတွေကိုပါ ထိခိုက်မှု ဖြစ်မှာ စိုးရိမ်တဲ့အကြောင်းကို မီဒီယာတစ်ခုမှာ အခုလိုပဲ ဖြေကြားပေးခဲ့ပါတယ်။

ဒါကို ဘယ်တုန်းကတည်းက ဘယ်လို လုပ်ထားမှန်းလဲတော့ အစ်မလည်းသေသေချာချာ မသိပါဘူူး။ ကလေးတွေ ကျန်းမာရေး မကောင်းရင်လည်း ဆေးခန်းသွား၊ ဘာညာလောက်ပဲပေါ့။ ကျိုက်မရောဆရာတော်ကြီးကို သွားဖူးတဲ့ အချိန်မှာ ဒီလိုမျိုးလုပ်ထားတယ်၊ ရွက်လှပင်အောက်မှာဆိုတာနဲ့ အစ်မတို့ ရှာလိုက်တော့ တကယ်လည်း တွေ့တယ်။ လုပ်ရက်လိုက်လေခြင်းပေါ့ ငါ့သားတွေ သမီးတွေများ တစ်ခုခု ချွတ်ချော်သွားရင် ဘယ်လို လုပ်မလဲပေါ့။ ကံနိမ့်တဲ့ ကလေးလေး တစ်ယောက်များ တစ်ခုခုဖြစ်သွားရင် ဆိုတဲ့ စိတ်နဲ့ စိတ်မကောင်းဖြစ်မိတယ်” လို့ ဆိုပါတယ်။

@Facebook

အင်းပြားမတွေ့ခင်ကလည်း ဂေဟာမှာ ကလေးတွေ နာမကျန်း ဖြစ်ကြတဲ့ အကြောင်းနဲ့ ပက်သက်ပြီး “ ဟိုတလောတုန်းကတော့ ဒီက ကလေးလေးတစ်ယောက် အဖျား ၁၀၄ လောက်ဖြစ်ပြီး သတိလစ်သွားတယ်။ အစ်မတို့တွေ ဆေးရုံတွေပြေး ယောက်ယက်တွေ ခတ်ကုန်တာပေါ့။ ပြီးတော့ (၆) လအောက် ကလေးလေး တစ်ယောက် မိန်းကလေး ည တစ်နာရီလောက်ကြီးကို ရုတ်တရက်ဖျားလာတာ။ အစ်မကတော့ ကလေးတွေ နေမကောင်းဖြစ်ရင် ဆရာဝန်နဲ့လည်း ကုတယ်၊ ဘုရားကု နဲ့လည်း ကုတယ်။ ကလေးတစ်ယောက်တစ်ခု ခုဖြစ်ရင် ပရိတ်ရေတိုက်၊ အဓိဌာန်ဝင်၊ ဆရာတော်ဆီပြေးရတာပဲ” လို့လည်း ဆက်လက် ပြောပြခဲ့ပါတယ်။

@Facebook

ပရိတ်သတ်ကြီးရေ အခုလို ပုဂ္ဂိုလ်ရေး မကျေနပ်မှုများကြောင့် မိဘမဲ့ ဂေဟာအတွင်းမှာ အောက်လမ်းနည်း အသုံးပြုပြီး တိုက်ခိုက်ခြင်းကတော့ တကယ်ကို စိတ်ထားမကောင်းတဲ့ သူတွေရဲ့ လုပ်ရပ်ပါပဲနော်။ အောက်လမ်းနည်း သုံးပြီး တိုက်ခိုက်တာနဲ့ ပက်သက်ပြီး ပရိတ်သတ်ကြီးရဲ့ အတွေးအမြင်လေးတွေကိုလည်း ပြောပေးခဲ့ပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *