ချယ်ရီသင်း

HD ထွက်တယ်ဆိုတဲ့ ကောလဟာလတွေကို ဖြေရှင်းလိုက်တဲ့ ချယ်ရီသင်း

Posted on

ပရိသတ်ကြီးရေ တေးသံရှင်ချယ်ရီသင်းရဲ့ HD ထွက်တယ်ဆိုတဲ့ ကောလဟာလတွေဟာ လူမှုကွန်ရက်စာမျက်နှာတွေထက်မှာ ပျံ့နှံ့နေတဲ့အတွက် ချယ်ရီသင်းက ပရိသတ်တွေကို အဖြစ်မှန်ကိုရှင်းပြလာခဲ့ပါတယ် ။ သူမမှာ Tattoo မရှိကြောင်းနဲ့ အခုလက်ရှိ ယောကျာ်းလေး Group တွေ လိုက်ဖြန့်နေတဲ့ ချယ်ရီသင်းရဲ့ HD Videoဆိုတဲ့ထဲက ကောင်မလေးမှာ Tattoo ပါတယ်လို့ ချယ်ရီသင်းက ပြောပြလာခဲ့ပါတယ် ။

ချယ်ရီသင်း

ငါ့ကိုတိုက်ခိုက်ချင်တယ်ဆိုရင်လဲ ငါ့အကြောင်းကိုသေချာစုံစမ်းပြီးတော့မှ နင်တို့လုပ်ခဲ့ရမှာ ငါ့ဘဝမှာ ဘယ်သူ့ကိုမှမတိုက်ခိုက်ဖူးသလို ဘယ်တုန်းကမှလဲ မကောင်းတာမလုပ်ခဲ့တဲ့အတွက် ငါ့ကိုယ်ငါ အမြဲတမ်းအတွက် လိပ်ပြာလုံတယ် အခုလိုရှင်းပြတာကလဲ ငါ့ရဲ့သိက္ခာ ငါ့မိသားစုသိက္ခာ ငါ့ကိုအားပေးတဲ့ပရိသတ်တွေ ငါ့ရဲ့ဆရာသမားတွေ ငါ့ကိုယုံကြည်တဲ့သူတွေအတွက်ရှင်းပြတာ မင်းတို့သိထားရမှာက ငါကဒီလိုနေရာသေးသေးလေးရဖို့ပြိုင်ပွဲပေါင်းများစွာ အခက်အခဲပေါင်းများစွာကိုကျော်ဖြတ်ပြီးမှရောက်ခဲ့တာ ငါ ဒီနေရာကို လွယ်လွယ်နဲ့ရောက်ခဲ့တာမဟုတ်တဲ့အတွက်မင်းတို့ငါ့ကို ဘယ်လိုပဲဖြိုလဲ ဖြိုလဲ ငါပြိုလဲမှာ မဟုတ်ဘူးဆိုတာပဲ။

ချယ်ရီသင်း

ဘာပဲဖြစ်ဖြစ် မင်းတို့အားလုံးဝဋ်မလည်ပါစေနဲ့လို့ပဲ ငါဆုတောင်းပါတယ် You’ll never break me down.ဒီကိစ္စနဲ့ပတ်သတ်ပြီး ချယ်ရီ့ကို ယုံကြည်ပေးကြတဲ့ ဆရာသမားတွေနဲ့ မိတ်ဆွေသူငယ်ချင်းများ အားလုံးကိုကျေးဇူးတင်ပါတယ် ဆိုတဲ့စာသားနဲ့အတူ သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် ။ ဒါဟာနောက်ဆုံးအကြိမ်ရှင်းပြခြင်းဖြစ်တယ်လို့လည်း ပရိသတ်တွေကိုတစ်ခါထဲအသိပေးခဲ့ပါသေးတယ် ။

ချယ်ရီသင်း

Source : Cherry Thin

Leave a Reply

Your email address will not be published. Required fields are marked *