မျက်နှာပေါ်က အမည်းစက်တွေ ၊ အမာရွတ်တွေ ရှိနေလျှင်

မျက်နှာပေါ်က အမည်းစက်တွေ ၊ အမာရွတ်တွေ ရှိနေလျှင်

မင်္ဂလာ ပါနော် မျက်နှာပေါ်က အမည်း စက်တွေ၊ အမာရွတ်တွေ ကင်းစင်ပြီး အသားအရေကို စိုပြေ လာစေ မယ့် နည်းလမ်းကောင်းတွေ ကို ဒီတခါ မျှဝေပေး သွားမှာဖြစ် ပါ တယ်။

ဘေးထွက် ဆိုးကျိုး မရှိတဲ့ သဘာဝ နည်းလမ်းမို့ စာဖတ် သူတို့ သဘော ကျမှာ ပါနော်

သံပယိုသီးနဲ့ အာလူး

အရင်ဆုံး အာလူးကို ရေသေချာဆေးပြီး ကြိတ် လိုက် ပါ ပြီးရင် သံပယို ရည် နည်းနည်းထည့် ပါ ။

ပြီးသွား ရင်တော့ သေချာလေးမွှေပေးပြီး မျက်နှာပေါ်မှာ လိမ်းပေးလိုက်ပါ။ ပြီးရင် မိနစ် ၂၀ လောက် ထားပြီးရေဆေး ချ လိုက် ပါ ။

သခွားသီးနဲ့ အာလူး

သခွားသီး ၁ လုံးနဲ့ အာလူး တစ်လုံးကို ကြိတ်စက် ထဲထည့်ပြီး ကြိတ် လိုက် ပါ ။

ပြီးသွား ရင်တော့ မျက်နှာပေါ်မှာ လိမ်းပေးပြီး ၂၅ မိနစ်လောက် ထားကာ ရေဆေးချလိုက်ပါ။

အခုဖော်ပြ ခဲ့တဲ့ နည်းလမ်းတွေကို တစ်ရက်ခြား တစ်ခါ လုပ်ပေးခြင်းဖြင့် အမည်းစက်ကင်းစင်ပြီး လှပဖြူစင် တဲ့ အသားအရေကို ရရှိစေ မှာပါ။

Credit

Unicode











Credit

Leave a Comment