မျက်နှာပေါ်က မှဲ့ခြောက်နှင့် အမဲကွက်တွေအတွက် ယူပစ်သလိုမျိုး ပျောက်ကင်းစေသည့် နည်းလမ်း..

မျက်နှာပေါ်က မှဲ့ခြောက်နှင့် အမဲကွက်တွေအတွက် ယူပစ်သလိုမျိုး ပျောက်ကင်းစေသည့် နည်းလမ်း..

တင်းတိတ်မှဲ့ခြောက်အမာရွတ်ဟောင်းများကိုယူပစ်သလိုမျိုးပျောက်ကင်းစေသည့်နည်းလမ်းများအသားဖြူချင်သူများအတွက်သဘာဝနည်းလမ်းကောင်းများအသားဖြူတာဟာမိန်းကလေးတော်တော်များများလိုလားတောင့်တတဲ့အလှ အပ တခုဖြစ်ပါတယ်

အသားဖြူစေတဲ့အလှကုန်တွေပေါသလိုသဘာဝဖြစ်အသားဖြူနည်းတွေလဲရှိပါတယ်အသားဖြူချင်သူတွေအတွက်သိသလောက်အောက်မှာဖော်ပြလိုက်ပါတယ်

သဘာဝအသားဖြူပစ္စည်းတွေနဲ့အသားဖြူအောင် လုပ်နည်းတွေအရင်ဖော်ပြသွားပါမယ်ကရိကထလဲမများဈေးလဲမကြီးတဲ့ပစ္စည်းတွေနဲ့အများသူငါလက်လှမ်းမှီသုံးလို့ရတာကိုဦးစားပေဖော်ပြသွားမှာဖြစ်ပါတယ်

လိမ္မော်ခွံနဲ့အသားဖြူနည်းလိမ္မော်သီးအခွံကိုနေပူထဲလှမ်းပေးပါ။

လုံးဝခြောက်သွေ့သွားတဲ့အချိန်မှာကြိတ်ပီးပေါင်ဒါလိုအမှုန့်ဖြစ်သွားအောင်လုပ်ပါပြီးမှနို့အစိမ်းနဲ့ရောပြီးပျစ်ခဲအောင်ဖျော်ပါ ။

အဲဒီအရည်ကိုအရေပြားကိုလိမ်းပါနေ့စဉ်လိမ်းပေးပါလိမ်းပြီးသွားလို့အရေပြားပေါ်လုံးလုံးခြောက်သွေ့သွားတဲ့အချိန်ကျရင်

ရေနွေးနွေးလေးနဲ့ဆေးကြောသန့်စင်ပေးပါခရမ်းချဉ်သီးနဲ့အလှပြင်မယ်ခရမ်းချဉ်သီး ၂လုံး၃လုံးလောက်ကိုကြိတ်ပီးအရည်ညှစ်ချပါ

အဲဒီအရည်ထဲကိုသံပုရာရည်၁စက်/၂စက်ထည့်ပြီးမျက်နှာကိုလိမ်းပေးပါမိနစ်၂၀လောက်အခြောက်ထားပြီးမှဆေးကြောသန့်စင်ပေးပါ

တနေ့ကို၂ကြိမ်လုပ်ပေးပါ၁၅ရက်ကနေရက်၂၀ အတွင်းသိသာထင်ရှားလာပါလိမ့်မယ်

အမဲကွက်နဲ့အစက်အပြောက်တွေပျောက်ဆေးအာလူးအစိမ်းတလုံးကိုယူပြီးပါးပါးလှီးပါလှီးထားတဲ့အစိတ်လေးတွေကိုမျက်နှာပေါ်ကပ်ပေးပါ

နေပူလောင်အသားအရေအတွက်နေပူလောင်ခံထားရတဲ့အတွက်နနွင်းမှုန့်နဲ့သံပုရာရည်ရောပြီးလိမ်းပေးပါနေပူလောင်ခံရတဲ့အသားအရေအတွက်အရမ်းကောင်းပါတယ်

အိမ်တွင်းဖြစ်အသားဖြူLotionသခွားသီးအရည်စားပွဲတင်ဇွန်း၁ဇွန်းထဲကိုသံပုရာရည်၁စက်၂စက်ရောပေးပသမအောင်ရောပြီးသွားရင်

အဲဒီအရည်ကိုမျက်နှာနဲ့လည်ပင်းကိုလိမ်းပေးပါနာရီဝက်လေက်အခြောက်ခံပြီးသွားရင်မပူမအေးရေနွေးလေးနဲ့ဆေးကြောသန့်စင်ပေးပါ

အိမ်တွင်းဖြစ်FacialMaskပျားရည်၁ဇွန်းစားပွဲ တင်ဇွန်းသဘော်သီးအရည်၁ဇွန်းစားပွဲတင်ဇွန်းတို့ရောပြီးလိမ်းပေးပါ ။

၁၅မိနစ်ခန့်စောင့်ပြီးမှရေနဲ့ပြန်ဆေးကြောပေးပါပျိုမေမောင်မယ်များအားလုံးဖြူဝင်းလှပသောအသားအရေများပိုင်ဆိုင်နိုင်ကြပါစေ

Credit

Unicode





လိမ်မောျခှံနဲ့အသားဖွူနညျးလိမ်မောျသီးအခှံကိုနပေူထဲလှမျးပေးပါ။












Leave a Comment