ရွှေအသင်း YGEA ရဲ့ ပေါက်ဈေးနဲ့ ပြင်ပရွှေဈေးကြား ကျပ်လေးသိန်းခွဲကျော် ကွာဟနေ…

ရွှေအသင်း YGEA ရဲ့ ပေါက်ဈေးနဲ့ ပြင်ပရွှေဈေးကြား ကျပ်လေးသိန်းခွဲကျော် ကွာဟနေ…

ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း YGEA က နေ့စဉ် ထုတ်ပြန်နေကျ ရွှေဈေးကို မကြာသေးခင်က ဗဟိုဘဏ် လေလံဈေးနဲ့ ပြောင်းလဲ တွက်ချက်လာပေမဲ့

ပြင်ပရွှေဈေးနဲ့ ယှဉ်ရင် ကျပ်လေးသိန်းကျော် ကွာဟနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

အရင်က YGEA အသင်းဟာ သူ့ရဲ့ရွှေဈေးကို ဗဟိုဘဏ် သတ်မှတ်တဲ့ တစ်ဒေါ်လာ ၂၁၀၀ ကျပ်နဲ့သာ တွက်ချက် ထုတ်ပြန်ခဲ့ပေမဲ့ မကြာသေးခင်က စပြီး

ဗဟိုဘဏ်လေလံဈေး တစ်ဒေါ်လာ ၂၉၉၀ ကျော်နဲ့ ပြောင်းလဲ တွက်ချက်လာတဲ့အပြင် ရည်ညွှန်းဈေးနှုန်းကနေ ဈေးကွက်ဈေးနှုန်းအဖြစ် အသုံးအနှုန်းပါ ပြောင်းလဲပစ်ခဲ့ပါတယ်။

အဲဒီလို ငွေလဲနှုန်း ပြောင်းလဲ တွက်ချက်မှုအရ YGEA အသင်းရဲ့ ဈေးကွက်ဈေးနှုန်းဟာ အကယ်ဒမီ မီးလင်းရွှေဈေး တစ်ကျပ်သားကို သိန်း ၃၀ ကျော်ကျော် ဖြစ်လာပေမဲ့ ပြင်ပဈေးကွက် ရွှေဈေး ကျပ် ၃၄ သိန်းခွဲနဲ့ ယှဉ်ရင် ကျပ်လေးသိန်းကျော် ကွာဟနေဆဲ ဖြစ်ပါတယ်။

လတ်တလောမှာ အစ္စရေးနဲ့ ပါလက်စတိုင်း ပဋိပက္ခကြောင့် ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ဒေါ်လာ ၁၉၀၀ အထက် မြင့်တက်နေပြီး ပြည်တွင်းရွှေဈေးလည်း ကျပ် ၃၄ သိန်း ၆ သောင်းခန့်ကို ရောက်နေပါတယ်။ Ref: YGEA စာရေးသူ – ငွေကြယ်

Credit

Zawgyi

ေ႐ႊအသင္း YGEA ရဲ႕ ေပါက္ေဈးနဲ႕ ျပင္ပေ႐ႊေဈးၾကား က်ပ္ေလးသိန္းခြဲေက်ာ္ ကြာဟေန…

ရန္ကုန္ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း YGEA က ေန႕စဥ္ ထုတ္ျပန္ေနက် ေ႐ႊေဈးကို မၾကာေသးခင္က ဗဟိုဘဏ္ ေလလံေဈးနဲ႕ ေျပာင္းလဲ တြက္ခ်က္လာေပမဲ့

ျပင္ပေ႐ႊေဈးနဲ႕ ယွဥ္ရင္ က်ပ္ေလးသိန္းေက်ာ္ ကြာဟေနဆဲ ျဖစ္တယ္လို႔ သိရပါတယ္။

အရင္က YGEA အသင္းဟာ သူ႕ရဲ႕ေ႐ႊေဈးကို ဗဟိုဘဏ္ သတ္မွတ္တဲ့ တစ္ေဒၚလာ ၂၁၀၀ က်ပ္နဲ႕သာ တြက္ခ်က္ ထုတ္ျပန္ခဲ့ေပမဲ့ မၾကာေသးခင္က စၿပီး

ဗဟိုဘဏ္ေလလံေဈး တစ္ေဒၚလာ ၂၉၉၀ ေက်ာ္နဲ႕ ေျပာင္းလဲ တြက္ခ်က္လာတဲ့အျပင္ ရည္ၫႊန္းေဈးႏႈန္းကေန ေဈးကြက္ေဈးႏႈန္းအျဖစ္ အသုံးအႏႈန္းပါ ေျပာင္းလဲပစ္ခဲ့ပါတယ္။

အဲဒီလို ေငြလဲႏႈန္း ေျပာင္းလဲ တြက္ခ်က္မႈအရ YGEA အသင္းရဲ႕ ေဈးကြက္ေဈးႏႈန္းဟာ အကယ္ဒမီ မီးလင္းေ႐ႊေဈး တစ္က်ပ္သားကို သိန္း ၃၀ ေက်ာ္ေက်ာ္ ျဖစ္လာေပမဲ့ ျပင္ပေဈးကြက္ ေ႐ႊေဈး က်ပ္ ၃၄ သိန္းခြဲနဲ႕ ယွဥ္ရင္ က်ပ္ေလးသိန္းေက်ာ္ ကြာဟေနဆဲ ျဖစ္ပါတယ္။

လတ္တေလာမွာ အစၥေရးနဲ႕ ပါလက္စတိုင္း ပဋိပကၡေၾကာင့္ ကမာၻ႔ေ႐ႊေဈးက တစ္ေအာင္စကို ေဒၚလာ ၁၉၀၀ အထက္ ျမင့္တက္ေနၿပီး ျပည္တြင္းေ႐ႊေဈးလည္း က်ပ္ ၃၄ သိန္း ၆ ေသာင္းခန႔္ကို ေရာက္ေနပါတယ္။ Ref: YGEA စာေရးသူ – ေငြၾကယ္

Leave a Comment