KTV သွားပီး`နွား´မကျပါနဲ့ အကို (အဆုံးထိ ဖတ်ကြည့်စေချင်ပါတယ်…)

KTV သွားပီး`နွား´မကျပါနဲ့ အကို (အဆုံးထိ ဖတ်ကြည့်စေချင်ပါတယ်…)

KTV မှာ တညဖြုန်းလိုက် တဲ့ ပိုက်ဆံ က အကို့ ကလေးတွေရဲ့ကျူရှင် တလလုံးစာ ဆိုတာ သတိရပေးပါ အကို။

KTVက မိန်ခလေး ကို မုန့်ဖိုး ပေးတဲ့ ပိုက်ဆံက အစ်ကို့ သား/သမီး တစ်နှစ်လုံး ဝတ်လို့ရတဲ့ ကျောင်းဝတ်စုံ တစ်စုံ စာ ရှိတယ်ဆိုတာ သတိရပေးပါ အကို။

KT V မှာ သောက် တဲ့ ဘီယာ တစ်လုံးတန်ဖိုးက အစ်ကို့အိမ် အတွက် ဈေးဖိုး ရှိတယ်ဆိုတာ သတိရပေးပါ အကို။

KTV မှာ ဝိတ်တာ ကို ပေးလိုက်တဲ့ ပိုက်ဆံ ၅၀၀၀ က အစ်ကို့မိန်းမ ဝတ်ဖို့ လုံချည် တစ်ကွင်းစာ ရှိတယ် ဆိုတာ သတိရပေးပါ အကို။

KTVမှာ အမြည်း တစ်ပွဲ ၃၅၀၀ က အစ်ကို့ တမိသားစုလုံး အတွက် အသားဟင်း ၅၀သားဆို ဖူဖူလုံလုံ စားလို့ ရတယ် ဆိုတာ သတိရပေးပါ အကို။

KTV မှာ အစ်ကို ဖြုန်းခဲ့တဲ့ ပိုက်ဆံ တွေသာ ရွှေဝယ်မယ် ဆိုရင် အခု အစ်ကို့ မိန်းမဆီမှာ လက်ကောက်တွေ ဆွဲကြိုးတွေ ဆယ်ကွင်းစာလောက် ရှိပြီဆိုတာ သေချာတယ်ဆို ပြန်တွေးကြည့်ပေးပါ အကို။

“နောင်နှစ်ဆို အကို့ သားတွေ/သမီတွေ တက္ကသိုလ် တက်ရတော့မယ်လေ ” KTV သွားမယ်ဆို အဲဒါတွေ ပြန် သတိရပေးပါ အစ်ကို

ဒါဟာ ချမ်းသာတဲ့ လူတစ်စုရဲ့ သာမန် လူတန်းစားတွေ ဆီက အပျော်အပါးနဲ့ ငွေချူတဲ့ နည်းဗျူဟာပါ…။

ကျနော် ရေးထားတဲ့ စာသားတွေ အဆင်မပြေဘူးးဆိုရင် ဆဲလို့ ရပါတယ်။ အမုန်းခံပြီး အစ်ကိုတို့ မိသားစု စိုပြေဖို့ အတွက် ကျနော် ကျေကျေနပ်ကြီး ခံယူပါ့မယ်။

Credit

Unicode

KTV သှားပီး`နှား´မကပြါနဲ့ အကို (အဆုံးထိ ဖတျကွည့ျစခေငြျပါတယျ…)










Credit

 

Leave a Comment