ကမ္ဘာ့ရွှေဈေး ပြန်ကျလာလို့ မြန်မာ့ရွှေဈေးပါ ပြန်လည် ကျဆင်း…

ကမ္ဘာ့ရွှေဈေး ပြန်ကျလာလို့ မြန်မာ့ရွှေဈေးပါ ပြန်လည် ကျဆင်း…

သောကြာနေ့ ဈေးကွက်ပိတ်ချိန်မှာ ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို ၂၀၀၀ ဒေါ်လာနားအထိ ပြန် ကျလာပြီး သီတင်းပတ် ၂ ပတ်နီးပါးအတွင်း အနိမ့်ဆုံး ဖြစ်ခဲ့ပါတယ်။

အမေရိကန်ရဲ့အလုပ်အကိုင်ဈေးကွက် အခြေအနေ ကောင်းမွန်ကြောင်း အစီရင်ခံစာ ထွက်ပေါ်လာတဲ့နောက် ဗဟိုဘဏ်က အတိုးနှုန်းလျှော့ချမယ် ဆိုတဲ့ ကုန်သည်တွေရဲ့မျှော်မှန်းချက်တွေ မှေးမှိန်သွားခဲ့ပါတယ်။

သောကြာနေ့ ဈေးပိတ်ချိန်က ကမ္ဘာ့ရွှေဈေးနှုန်းဟာ တစ်အောင်စကို ၂၀၀၄ ဒေါ်လာခန့်အထိ ကျဆင်းခဲ့ပြီး အမေရိကန်ရွှေကြိုပွိုင့်ဈေးကလည်း ၂၀၂၀ ဒေါ်လာဝန်းကျင်သာ ရှိခဲ့ပါတယ်။ (Current Content က တင်ပြတဲ့ သတင်း ဖြစ်ပါတယ်)

ကမ္ဘာ့ရွှေဈေး အကျမှာ အမေရိကန်ဒေါ်လာညွှန်းကိန်းက ဝ.၂ % မြင့်လာပြီး ဒေါ်လာနဲ့ ဈေးဖြတ်တဲ့ရွှေကို ဝယ်လိုအား လျော့နည်းသွားတဲ့အတွက် ရွှေဈေး ပြန်အေးသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအပတ်အစောပိုင်းက ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို ၂၁၄၆ ဒေါ်လာအထိ စံချိန်တင် မြင့်တက်ခဲ့ရာက သီတင်းပတ်နှောင်းပိုင်း ဈေးပိတ်ချိန်မှာ ဒေါ်လာ ၂၀၀၀ နားအထိ ပြန်ထိုးကျခဲ့တာ ဖြစ်ပါတယ်

ကမ္ဘာ့ရွှေဈေး ပြန်အကျမှာ မြန်မာပြည်တွင်းက အကယ်ဒမီ မီးလင်းရွှေဈေးကလည်း တစ်ကျပ်သားကို ကျပ် ၃၆၉၀,၀၀၀ နဲ့ ၃၇၀၀,၀၀၀ ခန့်သာ ရှိတော့ပြီး အရင်ရက်တွေက ကျပ် ၃၇ သိန်းခွဲခန့် ရှိခဲ့ရာကနေ ပြန်လည် ကျဆင်းလာတာ ဖြစ်ပါတယ်။

Credit

Zawgyi

ကမာၻ႔ေ႐ႊေဈး ျပန္က်လာလို႔ ျမန္မာ့ေ႐ႊေဈးပါ ျပန္လည္ က်ဆင္း…

ေသာၾကာေန႕ ေဈးကြက္ပိတ္ခ်ိန္မွာ ကမာၻ႔ေ႐ႊေဈးဟာ တစ္ေအာင္စကို ၂၀၀၀ ေဒၚလာနားအထိ ျပန္ က်လာၿပီး သီတင္းပတ္ ၂ ပတ္နီးပါးအတြင္း အနိမ့္ဆုံး ျဖစ္ခဲ့ပါတယ္။

အေမရိကန္ရဲ႕အလုပ္အကိုင္ေဈးကြက္ အေျခအေန ေကာင္းမြန္ေၾကာင္း အစီရင္ခံစာ ထြက္ေပၚလာတဲ့ေနာက္ ဗဟိုဘဏ္က အတိုးႏႈန္းေလွ်ာ့ခ်မယ္ ဆိုတဲ့ ကုန္သည္ေတြရဲ႕ေမွ်ာ္မွန္းခ်က္ေတြ ေမွးမွိန္သြားခဲ့ပါတယ္။

ေသာၾကာေန႕ ေဈးပိတ္ခ်ိန္က ကမာၻ႔ေ႐ႊေဈးႏႈန္းဟာ တစ္ေအာင္စကို ၂၀၀၄ ေဒၚလာခန႔္အထိ က်ဆင္းခဲ့ၿပီး အေမရိကန္ေ႐ႊႀကိဳပြိုင့္ေဈးကလည္း ၂၀၂၀ ေဒၚလာဝန္းက်င္သာ ရွိခဲ့ပါတယ္။ (Current Content က တင္ျပတဲ့ သတင္း ျဖစ္ပါတယ္)

ကမာၻ႔ေ႐ႊေဈး အက်မွာ အေမရိကန္ေဒၚလာၫႊန္းကိန္းက ဝ.၂ % ျမင့္လာၿပီး ေဒၚလာနဲ႕ ေဈးျဖတ္တဲ့ေ႐ႊကို ဝယ္လိုအား ေလ်ာ့နည္းသြားတဲ့အတြက္ ေ႐ႊေဈး ျပန္ေအးသြားတာ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဒီအပတ္အေစာပိုင္းက ကမာၻ႔ေ႐ႊေဈးဟာ တစ္ေအာင္စကို ၂၁၄၆ ေဒၚလာအထိ စံခ်ိန္တင္ ျမင့္တက္ခဲ့ရာက သီတင္းပတ္ေႏွာင္းပိုင္း ေဈးပိတ္ခ်ိန္မွာ ေဒၚလာ ၂၀၀၀ နားအထိ ျပန္ထိုးက်ခဲ့တာ ျဖစ္ပါတယ္

ကမာၻ႔ေ႐ႊေဈး ျပန္အက်မွာ ျမန္မာျပည္တြင္းက အကယ္ဒမီ မီးလင္းေ႐ႊေဈးကလည္း တစ္က်ပ္သားကို က်ပ္ ၃၆၉၀,၀၀၀ နဲ႕ ၃၇၀၀,၀၀၀ ခန႔္သာ ရွိေတာ့ၿပီး အရင္ရက္ေတြက က်ပ္ ၃၇ သိန္းခြဲခန႔္ ရွိခဲ့ရာကေန ျပန္လည္ က်ဆင္းလာတာ ျဖစ္ပါတယ္။

Leave a Comment