ပုဂ္ဂလိကဘဏ်များ ငွေထုတ်ပေးမှု ပြန်လည် ကန့်သတ်လိုက်မှု နောက်ဆက်တွဲ ရွှေဈေးနှင့်ဒေါ်လာဈေး
ပုဂ္ဂလိကဘဏ်များ ငွေထုတ်ပေးမှု ပြန်လည် ကန့်သတ်လိုက်မှု နောက်ဆက်တွဲ ရွှေဈေးနှင့်ဒေါ်လာဈေး ပြန်တက်၊ ရွှေဈေး ၃၇ သိန်း ၉ သောင်းနှင့် အမေရိကန်တစ်ဒေါ်လာ ၃၅၀၀ ဈေးပေါက်
ရန်ကုန်၊ နိုဝင်ဘာ ၁၇
အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များမှ ငွေထုတ်ပေးမှုကို ယနေ့မှစတင်၍ ပြန်လည် ကန့်သတ် လိုက်သည့်အတွက် နောက်ဆက်တွဲအနေဖြင့် ရွှေဈေးနှင့်ဒေါ်လာဈေးများ ပြန်လည်မြင့်တက်လာကြောင်း ရွှေကုန်သည်တချို့က ပြောဆိုသည်။
နိုဝင်ဘာလ ၁၇ ရက်နေ့မှစတင်ပြီး ပုဂ္ဂလိကဘဏ်များအားလုံးတွင် လူပုဂ္ဂိုလ် ငွေစာရင်း( Special Account နှင့် Old Account ခွဲခြားခြင်းမရှိ) မှ တစ်ပတ်လျှင် ငွေကျပ် သိန်း ၂၀ (တချို့ဘဏ်များ တစ်ပတ်လျှင် ၁၀ သိန်းကျပ်) ၊ ကုမ္ပဏီငွေစာရင်းများမှ တစ်ပတ်လျှင် ငွေကျပ် သိန်း ၂၀၀ ထုတ်ပေးမည်ဟု ပြန်လည် ကန့်သတ်လိုက်ကြောင်း သိရှိရသည်။
” ငွေထုတ်တဲ့သူ အရမ်းများနေလို့ ခဏ ယာယီ ကန့်သတ်တာလို့ ဘဏ်ဘက်က ပြောတယ်။ လာမယ့်အပတ်လောက် ငွေထုတ်သူ နည်းသွားရင် လိုသလောက်၊ ကြိုက်သလောက်ပြန်ထုတ်ခွင့်ပေး နိုင်တယ်ပြောတယ်။ ဒီနေ့ တန်းစီရတာ တိုကင်နဲ့ လူအရမ်းများလို့ သိန်း ၂၀ တောင်မရခဲ့ဘူး။ ဘဏ်မှာ ငွေကုန်နေတယ်လည်းပြောတယ်” ဟု ဧရာဝတီဘဏ်တွင် ငွေထုတ်ခဲ့သည့် ပြည်သူတစ်ဦးက ဆိုသည်။
တိုက်ပွဲများဖြစ်ပွားနေပြီး မတည်မငြိမ်ဖြစ်နေသော စစ်ကိုင်းတိုင်း၊ ကချင်ပြည် နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ မြို့နယ်အချို့မှ ပုဂ္ဂလိကဘဏ်များမှာ ရက်အကန့်အသတ်မရှိ ပိတ်သိမ်းပြီး ဝန်ထမ်းများကို လစာ ၂ လစာပေး၍ အလုပ် မလာခိုင်းတော့ကြောင်း၊
ယင်းသတင်းကြောင့် ပုဂ္ဂလိကဘဏ်များမှ ငွေလာထုတ်သူများပြားလာပြီး မိမိတို့ငွေကြေးများ ပြန်လည်ထုတ်ယူရန် အလုအယက် တိုးဝှေ့နေကြခြင်းဖြစ်ကြောင်း ၊ ရခိုင်ပြည်နယ်ရှိ ဘဏ်များမှ ငွေများကိုလည်း စစ်ကောင်စီက သိမ်းယူ၍ ရွှေ့ပြောင်းနေကြောင်း သိရှိရသည်။
ယင်းကဲ့သို့ဘဏ်များက ငွေထုတ်ပေးမှုများ ပြန်လည်ကန့်သတ်သည့်အတွက် ရွှေဈေးကွက်တွင် ဒေါ်လာဈေးနှင့် ရွှေဈေးနှစ်မျိုးစလုံး မြင့်တက်နေကြောင်း ရွှေကုန်သည်တစ်ဦးက ဆိုသည်။
“ရွှေဈေးက မီးလင်းရွှေ(၁၆ပဲရည်) တစ်ကျပ်သား ၃၇ သိန်း ၇ သောင်းကနေ ၃၇ သိန်း ၉ သောင်းအကြား ပြေးနေတယ်။ ကမ္ဘာ့ရွှေဈေးလည်း တက်နေတယ်။ တစ်အောင်စ ဒေါ်လာ ၁၉၈၆ ။ တေ့တေ့ဆိုင် ကိုယ်ဝယ်ရင် တစ်ကျပ်သား ၃၈ သိန်းကျော်လောက်ပေးရမယ်။ ဒေါ်လာ ၃၅၀၀ ။ အရွယ်ဝယ်ချင်ရင်တော့ ဈေးပိုပေးဝယ်ပဲ။ ဘဏ်တွေက ငွေကန့်သတ်လို့ ဈေးတွေ ပြန်တက်တာ။ မနေ့က ရွှေဈေးကွက်ပိတ်တာ ၃၇ သိန်းနဲ့ ပိတ်တယ်။ ဒီနေ့တော့ ၁ သိန်းနီးပါး ထပ်တက်တယ်။ စနေ၊ တနင်္ဂနွေတော့ အတက်ပြတယ်။ ငွေတွေ အကန့်အသတ်နဲ့ ထုတ်ပေးတာ ရပ်သွားရင်တော့ ပြန်တည်ငြိမ်မှာပေါ့” ဟု ရွှေကုန်သည်တစ်ဦးက ရှင်းပြသည်
Credit
Zawgyi
ပုဂၢလိကဘဏ္မ်ား ေငြထုတ္ေပးမႈ ျပန္လည္ ကန႔္သတ္လိုက္မႈ ေနာက္ဆက္တြဲ ေ႐ႊေစ်းႏွင့္ေဒၚလာေစ်း
ပုဂၢလိကဘဏ္မ်ား ေငြထုတ္ေပးမႈ ျပန္လည္ ကန႔္သတ္လိုက္မႈ ေနာက္ဆက္တြဲ ေ႐ႊေစ်းႏွင့္ေဒၚလာေစ်း ျပန္တက္၊ ေ႐ႊေစ်း ၃၇ သိန္း ၉ ေသာင္းႏွင့္ အေမရိကန္တစ္ေဒၚလာ ၃၅၀၀ ေစ်းေပါက္
ရန္ကုန္၊ နိုဝင္ဘာ ၁၇
အၾကမ္းဖက္စစ္ေကာင္စီ၏ ဗဟိုဘဏ္က ပုဂၢလိကဘဏ္မ်ားမွ ေငြထုတ္ေပးမႈကို ယေန႕မွစတင္၍ ျပန္လည္ ကန႔္သတ္ လိုက္သည့္အတြက္ ေနာက္ဆက္တြဲအေနျဖင့္ ေ႐ႊေစ်းႏွင့္ေဒၚလာေစ်းမ်ား ျပန္လည္ျမင့္တက္လာေၾကာင္း ေ႐ႊကုန္သည္တခ်ိဳ႕က ေျပာဆိုသည္။
နိုဝင္ဘာလ ၁၇ ရက္ေန႕မွစတင္ၿပီး ပုဂၢလိကဘဏ္မ်ားအားလုံးတြင္ လူပုဂၢိဳလ္ ေငြစာရင္း( Special Account ႏွင့္ Old Account ခြဲျခားျခင္းမရွိ) မွ တစ္ပတ္လွ်င္ ေငြက်ပ္ သိန္း ၂၀ (တခ်ိဳ႕ဘဏ္မ်ား တစ္ပတ္လွ်င္ ၁၀ သိန္းက်ပ္) ၊ ကုမၸဏီေငြစာရင္းမ်ားမွ တစ္ပတ္လွ်င္ ေငြက်ပ္ သိန္း ၂၀၀ ထုတ္ေပးမည္ဟု ျပန္လည္ ကန႔္သတ္လိုက္ေၾကာင္း သိရွိရသည္။
” ေငြထုတ္တဲ့သူ အရမ္းမ်ားေနလို႔ ခဏ ယာယီ ကန႔္သတ္တာလို႔ ဘဏ္ဘက္က ေျပာတယ္။ လာမယ့္အပတ္ေလာက္ ေငြထုတ္သူ နည္းသြားရင္ လိုသေလာက္၊ ႀကိဳက္သေလာက္ျပန္ထုတ္ခြင့္ေပး နိုင္တယ္ေျပာတယ္။ ဒီေန႕ တန္းစီရတာ တိုကင္နဲ႕ လူအရမ္းမ်ားလို႔ သိန္း ၂၀ ေတာင္မရခဲ့ဘူး။ ဘဏ္မွာ ေငြကုန္ေနတယ္လည္းေျပာတယ္” ဟု ဧရာ၀တီဘဏ္တြင္ ေငြထုတ္ခဲ့သည့္ ျပည္သူတစ္ဦးက ဆိုသည္။
တိုက္ပြဲမ်ားျဖစ္ပြားေနၿပီး မတည္မၿငိမ္ျဖစ္ေနေသာ စစ္ကိုင္းတိုင္း၊ ကခ်င္ျပည္ နယ္၊ ရခိုင္ျပည္နယ္၊ ရွမ္းျပည္နယ္ေျမာက္ပိုင္းအတြင္းရွိ ၿမိဳ႕နယ္အခ်ိဳ႕မွ ပုဂၢလိကဘဏ္မ်ားမွာ ရက္အကန႔္အသတ္မရွိ ပိတ္သိမ္းၿပီး ဝန္ထမ္းမ်ားကို လစာ ၂ လစာေပး၍ အလုပ္ မလာခိုင္းေတာ့ေၾကာင္း၊
ယင္းသတင္းေၾကာင့္ ပုဂၢလိကဘဏ္မ်ားမွ ေငြလာထုတ္သူမ်ားျပားလာၿပီး မိမိတို႔ေငြေၾကးမ်ား ျပန္လည္ထုတ္ယူရန္ အလုအယက္ တိုးေဝွ႕ေနၾကျခင္းျဖစ္ေၾကာင္း ၊ ရခိုင္ျပည္နယ္ရွိ ဘဏ္မ်ားမွ ေငြမ်ားကိုလည္း စစ္ေကာင္စီက သိမ္းယူ၍ ေ႐ႊ႕ေျပာင္းေနေၾကာင္း သိရွိရသည္။
ယင္းကဲ့သို႔ဘဏ္မ်ားက ေငြထုတ္ေပးမႈမ်ား ျပန္လည္ကန႔္သတ္သည့္အတြက္ ေ႐ႊေစ်းကြက္တြင္ ေဒၚလာေစ်းႏွင့္ ေ႐ႊေစ်းႏွစ္မ်ိဳးစလုံး ျမင့္တက္ေနေၾကာင္း ေ႐ႊကုန္သည္တစ္ဦးက ဆိုသည္။
“ေ႐ႊေစ်းက မီးလင္းေ႐ႊ(၁၆ပဲရည္) တစ္က်ပ္သား ၃၇ သိန္း ၇ ေသာင္းကေန ၃၇ သိန္း ၉ ေသာင္းအၾကား ေျပးေနတယ္။ ကမာၻ႔ေ႐ႊေစ်းလည္း တက္ေနတယ္။ တစ္ေအာင္စ ေဒၚလာ ၁၉၈၆ ။ ေတ့ေတ့ဆိုင္ ကိုယ္ဝယ္ရင္ တစ္က်ပ္သား ၃၈ သိန္းေက်ာ္ေလာက္ေပးရမယ္။ ေဒၚလာ ၃၅၀၀ ။ အ႐ြယ္ဝယ္ခ်င္ရင္ေတာ့ ေစ်းပိုေပးဝယ္ပဲ။ ဘဏ္ေတြက ေငြကန႔္သတ္လို႔ ေစ်းေတြ ျပန္တက္တာ။ မေန႕က ေ႐ႊေစ်းကြက္ပိတ္တာ ၃၇ သိန္းနဲ႕ ပိတ္တယ္။ ဒီေန႕ေတာ့ ၁ သိန္းနီးပါး ထပ္တက္တယ္။ စေန၊ တနဂၤေႏြေတာ့ အတက္ျပတယ္။ ေငြေတြ အကန႔္အသတ္နဲ႕ ထုတ္ေပးတာ ရပ္သြားရင္ေတာ့ ျပန္တည္ၿငိမ္မွာေပါ့” ဟု ေ႐ႊကုန္သည္တစ္ဦးက ရွင္းျပသည္