၁ ရက်အတွင်း ပြည်တွင်းအခေါက်ရွှေ တစ်ကျပ်သား ၂ သိန်းကျော်မြင့်တက်

၁ ရက်အတွင်း ပြည်တွင်းအခေါက်ရွှေ တစ်ကျပ်သား ၂ သိန်းကျော်မြင့်တက်

ပြည်တွင်းအခေါက်ရွှေ တစ်ကျပ်သား ကျပ် ၃၇ သိန်းအထိ ဖြစ်လာပြီး ၁ ရက်အတွင်း ၂ သိန်းကျော်မြင့်တက်

ဧရာဝတီတိုင်းမ်

နိုဝင်ဘာ ၁၅ ရက်

စစ်အာဏာရှင်တော်လှန်ရေး တိုက်ပွဲများ နေရာအနှံ့ဖြစ်ပွားနေချိန်တွင် ပြည်တွင်း ရွှေဈေးနှုန်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၃၇ သိန်းအထိပြန်လည် မြင့်တက်လာကြောင်း ယနေ့ နိုဝင်ဘာ ၁၅ ရက်နေ့ နေ့လယ်ပေါက်ဈေးအရသိရသည်။

ယမန်နေ့ နိုဝင်ဘာ ၁၄ ရက်နေ့တွင် ရွှေတစ်ကျပ်လျှင် ကျပ် ၃၅ သိန်းကျော်ဈေးရှိရာမှ ယနေ့ နိုဝင်ဘာ ၁၅ ရက်နေ့တွင် ၃၇ သိန်းဖြစ်လာ၍ တစ်ရက်အတွင်း ကျပ် နှစ်သိန်းနီးပါးမြင့်တက်သွားခြင်းဖြစ်သည်။

“ စစ်ကိုကြောက်ပြီးတော့ အဝယ်များနေတာ။ ကမ္ဘာ့ရွှေဈေးက ကျနေတယ်။ မြန်မာ့ ရွှေဈေးတက်တာမူမမှန်ဘူး။ အခုတက်တော့ ပြန်ထုတ်ရောင်းကျတယ်။ နောက် ကြောက်ပြီး တော့ဝယ်တဲ့သူနဲ့” ဟု ရွှေအကြောင်းနားလည်သူတစ်ဦး ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် အကယ်ဒမီအခေါက်ရွှေတစ်ကျပ်သား ရောင်းဈေး ကျပ် ၃,၇၁၅,၀၀၀ သိန်း နှင့် ဝယ်ဈေး ကျပ် ၃၇ သိန်းဖြစ်ကြောင်းရွှေဆိုင်များထံမှ စုံစမ်းသိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ‌အကယ်ဒမီအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၃၄ သိန်းကျော် ပတ်ဝန်းကျင်‌တွင် ရှိနေရာမှ ရုတ်တရက် မြင့်တက်လာခြင်းဖြစ်သည်။

ဓာတ်ပုံ – လူမှုကွန်ရက်

Credit

Zawgyi

၁ ရက္အတြင္း ျပည္တြင္းအေခါက္ေ႐ႊ တစ္က်ပ္သား ၂ သိန္းေက်ာ္ျမင့္တက္

ျပည္တြင္းအေခါက္ေ႐ႊ တစ္က်ပ္သား က်ပ္ ၃၇ သိန္းအထိ ျဖစ္လာၿပီး ၁ ရက္အတြင္း ၂ သိန္းေက်ာ္ျမင့္တက္

ဧရာဝတီတိုင္းမ္

နိုဝင္ဘာ ၁၅ ရက္

စစ္အာဏာရွင္ေတာ္လွန္ေရး တိုက္ပြဲမ်ား ေနရာအႏွံ႕ျဖစ္ပြားေနခ်ိန္တြင္ ျပည္တြင္း ေ႐ႊေဈးႏႈန္း အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ က်ပ္ ၃၇ သိန္းအထိျပန္လည္ ျမင့္တက္လာေၾကာင္း ယေန႕ နိုဝင္ဘာ ၁၅ ရက္ေန႕ ေန႕လယ္ေပါက္ေဈးအရသိရသည္။

ယမန္ေန႕ နိုဝင္ဘာ ၁၄ ရက္ေန႕တြင္ ေ႐ႊတစ္က်ပ္လွ်င္ က်ပ္ ၃၅ သိန္းေက်ာ္ေဈးရွိရာမွ ယေန႕ နိုဝင္ဘာ ၁၅ ရက္ေန႕တြင္ ၃၇ သိန္းျဖစ္လာ၍ တစ္ရက္အတြင္း က်ပ္ ႏွစ္သိန္းနီးပါးျမင့္တက္သြားျခင္းျဖစ္သည္။

“ စစ္ကိုေၾကာက္ၿပီးေတာ့ အဝယ္မ်ားေနတာ။ ကမာၻ႔ေ႐ႊေဈးက က်ေနတယ္။ ျမန္မာ့ ေ႐ႊေဈးတက္တာမူမမွန္ဘူး။ အခုတက္ေတာ့ ျပန္ထုတ္ေရာင္းက်တယ္။ ေနာက္ ေၾကာက္ၿပီး ေတာ့ဝယ္တဲ့သူနဲ႕” ဟု ေ႐ႊအေၾကာင္းနားလည္သူတစ္ဦး ဧရာ၀တီတိုင္းမ္ကို ေျပာသည္။

လက္ရွိတြင္ အကယ္ဒမီအေခါက္ေ႐ႊတစ္က်ပ္သား ေရာင္းေဈး က်ပ္ ၃,၇၁၅,၀၀၀ သိန္း ႏွင့္ ဝယ္ေဈး က်ပ္ ၃၇ သိန္းျဖစ္ေၾကာင္းေ႐ႊဆိုင္မ်ားထံမွ စုံစမ္းသိရသည္။

ၿပီးခဲ့သည့္ရက္ပိုင္းအတြင္း ‌အကယ္ဒမီအေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ က်ပ္ ၃၄ သိန္းေက်ာ္ ပတ္ဝန္းက်င္‌တြင္ ရွိေနရာမွ ႐ုတ္တရက္ ျမင့္တက္လာျခင္းျဖစ္သည္။

ဓာတ္ပုံ – လူမႈကြန္ရက္

Leave a Comment