ဆံပင်ကျွတ်ခြင်းနဲ့ ဆံပင်ပါးခြင်းကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခု…
ကျွန်တော်တို့အများစုဟာ ဆံပင်နဲ့ ပတ်သက်ပြီး ဆံပင်ကျွတ်တာကို နေ့စဉ်ကြုံတွေ့နေရပါတယ်။
ဆံပင်ကျွတ်တာက အတော်လေး စိတ်ဖိစီးရနိုင်ပါတယ်ဆံပင်ဖြီးတဲ့အခါတိုင်း ဆံပင်ကျွတ်တွေကို ဘီးကြားထဲမှာ မြင်တွေ့ရတာက စိတ်ကသိကအောက်ဖြစ်စေပါတယ်
တချို့လူတွေက ခဏခဏဆံပင်ကျွတ်မှာကို အရမ်းကြောက်ကြပါတယ်ခဏခဏဆံပင်ကျွတ်လွန်းရင် ဆံပင်တွေပါးလာပြီး ထိပ်ကွက်တာ၊ ထိပ်ပြောင်တာတွေဖြစ်လာမှာဆိုးလို့ပါပဲအဲဒါကြောင့် သူတို့တွေက ဆံပင်ကျွတ်သက်သာစေတဲ့ကုန်ပစ္စည်းတွေကို ဈေးကြီးပေးဝယ်ယူကြပါတယ်
ဒါပေမဲ့ သုတေသနပညာရှင်တွေက ဆံပင်ကျွတ်တဲ့ပြဿနာ၊ ဆံပင်ပါးတဲ့ပြဿနာကို ဖြေရှင်းဖို့အတွက်
ကျန်းမာရေးနဲ့ညီညွှတ်အောင် စားသောက်ရမယ်ဆိုတဲ့ နည်းလမ်းတစ်ခုကို ရှာတွေ့ထားပါတယ်။
လေ့လာချက်တွေမှာ ဆံပင်ကျွတ်တာနဲ့ သံဓာတ်ချို့တဲ့ခြင်းက ဆက်စပ်မှုရှိတယ်လို့ တွေ့ရှိခဲ့ရပါတယ်။
သံဓာတ်ချို့တဲ့ခြင်းက ဆံပင်ကျွတ်တာကို ဖြစ်စေနိုင်တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းဖော်ပြမထားပေမဲ့
ဆံပင်ပါးတဲ့ပြဿနာ၊ ထိပ်ပြောင်တာတွေက သံဓာတ်ကြွယ်ဝတဲ့ အသား၊ ငါးတွေကိုမစားတဲ့ သက်သတ်လွတ်သမားတွေမှာ အများဆုံးတွေ့ရပါတယ်။
ဒါကြောင့် ဆံပင်ကျွတ်တာက သံဓာတ်ချို့တဲ့ခြင်းရဲ့ လက္ခဏာဖြစ်တယ်ဆိုတာကို လျစ်လျူရှုထားလို့မရပါဘူး။
သံဓာတ်က ခန္ဓာကိုယ်မှာ သွေးနီဥဖြစ်ပေါ်လာဖို့အတွက် လိုအပ်ပါတယ်။
သွေးနီဥကနေ ဟေမိုဂလိုဘင်ပရိုတင်းဓာတ်ကို ရရှိတာပါဆံပင်သန်ဖို့အတွက်လည်း သံဓာတ်က လိုအပ်ပါတယ်သံဓာတ်ချို့တဲ့ခြင်းက ဟင်းသီးဟင်းရွက်ကိုသာစားတဲ့ သက်သတ်လွတ်သမားတွေမှာ အဖြစ်များပါတယ်
အဲဒီလိုအခြေအနေမှာ သံဓာတ်စားသုံးမှု ပမာဏများဖို့အတွက် သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးဖို့လိုအပ်ပါတယ်
သံဓာတ်က အခြေခံအားဖြင့် Heme သံဓာတ် နဲ့ Non-heme သံဓာတ်ဆိုပြီး (၂) မျိုးရှိပါတယ်
Heme သံဓာတ်ကို အသား၊ ငါး၊ ကြက်ဘဲတွေက အဓိကရရှိပြီး non-heme ကိုတော့
ပဲအမျိုးမျိုး၊ သစ်သီးတွေနဲ့ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေက ရရှိပါတယ်
လူ့ခန္ဓာကိုယ်က Non-heme သံဓာတ်ထက် Heme သံဓာတ်ကို ပိုပြီးစုပ်ယူနိုင်ပါတယ်
ဒါက သက်သတ်လွတ်သမားမဟုတ်တဲ့ သူတွေနဲ့ယှဉ်ရင် သက်သတ်လွတ်သမားတွေက သံဓာတ်ကို နှစ်ဆလိုအပ်တဲ့အကြောင်းအရင်းပါပဲ။သံဓာတ်အားဆေးကို သောက်မယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပြီးမှ သောက်သုံးသင့်ပါတယ်
အခုနကပြောခဲ့သလိုပဲ သံဓာတ်က ဆံပင်ကျွတ်တာ၊ ထိပ်ပြောင်ထိပ်ကွက် တာတွေအတွက် တစ်ခုတည်းသော အကြောင်းအရင်းမဖြစ်နိုင်ပါဘူး
စိတ်ဖိစီးတာ၊ အသက်အရွယ်၊ ဆေးဝါး၊ ဟော်မုန်းပြောင်းလဲမှု တွေကလည်း ဆံပင်ကျွတ်ခြင်းရဲ့ အခြားအကြောင်းအရင်းတွေပါပဲ။ဒါကြောင့် ဆံပင်ပါးတာ၊
ကျွတ်တာတွေက သံဓာတ်ချို့တဲ့တာနဲ့ ဆက်စပ်မှုမရှိဘူးဆိုရင်တောင်ကျန်းမာရေးနဲ့ညီညွှတ်အောင် နေထိုင်စားသောက်တာက အန္တရာယ်မဖြစ်ပါဘူးနော်.။
Credit
Unicode
သံဓာတျက ခန်ဓာကိုယျမှာ သှေးနီဥဖွဈပေါျလာဖို့အတှကျ လိုအပျပါတယျ။
လူ့ခန်ဓာကိုယျက Non-heme သံဓာတျထကျ Heme သံဓာတျကို ပိုပွီးစုပျယူနိုငျပါတယျ