၂ ပတ်အတွင်း လက်မောင်း က အဆီတွေကို ဖယ်ရှားနိုင်ဖို့ ရိုးရှင်းလွယ်ကူတဲ့ လေ့ကျင့်ခန်း ၅ မျိုး

၂ ပတ်အတွင်း လက်မောင်း က အဆီတွေကို ဖယ်ရှားနိုင်ဖို့ ရိုးရှင်းလွယ်ကူတဲ့ လေ့ကျင့်ခန်း ၅ မျိုး

မင်္ဂလာပါနော်

လက်မောင်း တွဲကျနေလို့ စိတ်ညစ်နေသူတွေအတွက် လက်မောင်းသားတွေ တင်းတင်းရစ်ရစ်ဖြစ်စေနိုင်မယ့် နည်းလမ်းကောင်းကိ မျှဝေပေးချင်ပါတယ်။

နည်းလမ်း ၁

ခုံ (သို့) အရာဝတ္တုတစ်ခုကို နောက်မှာခံထားပါ။ ပြီးရင် လက်နှစ်ဖက်ကို နောက်ပြန်ဖိထားပြီး အခုပုံမှာပြထားတဲ့အတိုင်း မတ်ထားပါ။

ပြီးရင် ခန္တာကိုယ်အောက်ပိုင်းကိုအောက်ချ လိုက်ကိုကွေးလိုက်ပါ။ ၉၀ ဒီဂရီလောက် ကွေးရမြှဖြစ်ပါတယ်။ ပြီးရင် ပြန်မတ်ပါ။ ၁၀ ခေါက်လောက်လုပ်ပေးပါ။

နည်းလမ်း (၂)

ဒိုက်ထိုးပေးရမှာပါ။ သိပ်တော့မလွယ်ကူပါဘူးနော်။ ပုခုံးကိုတန်းတန်းထားပြီး တဒေါင်ဆစ်ကိုပဲ ကွေးကာ ထိုးပေးပါ။ မောက်ပိုင်းကိုတော့ မလုပ်ရပါဘူး။ ၅ ကြိမ်ကနေ ၁၀ ကြိမ်ထိလုပ်ပေးပါ။

နည်းလမ်း (၃)

၀ိတ်တုံးအသေး (သို့) ရေသန့်ဘူး ၁ လီတာဘူးကို ရေအပြည့်ထည့်ပါ။ ပြီးရင်လက်နှစ်ဖက်နဲ့ကိုင်ပြီး တဒေါင်ဆစ်ကို ကွေး ခါးကို ကိုင်းထားပါ။

ပြီးရင် လက်မောင်းကို အနောက်ဖက်ဆန့်ပါ။ ပြီးရင် ပြန်ကွေးပါ။ လက်မောင်းသားကိုပဲ အဓိကအားစိုက်ထားပါ။ ၅ ကြိမ်ကနေ ၁၀ ကြိမ်ထိလုပ်ပေးပါ။

နည်းလမ်း (၄)

၀ိတ်တုံးအသေးကို အသုံးပြုပါ။ ကိုယ်ကိုမတ်မတ်ထားပြီး လက်ကိုတန်းတန်းဆန့်လိုက်ပါ။

ပြီးရင် တဒေါင်ဆစ်ကနေ လက်ကိုနောက်ပြန်ကွေးပါ။ ပြီးရင်ပြန်မတ်ပါ။ လက်မောင်းသားကိုဂရုစိုက်ပါ။ ၁၀ ကြိမ်လုပ်ပေးပါ။

နည်းလမ်း (၅)

၀ိတ်တုံးအရှည်အသေးကို မပါ။ ခန္တာကိုယ်ကို အရှေ့ဖက်ကိုကိုင်းထားပြီး လက်မောင်းသားကိုပဲ အာရုံစိုက်ကာ လုပ်ပေးရမှာဖြစ်ပါတယ်။ ခန္တာကိုယ်ကိုအရှေ့ကို ၀ိတ်တုန်းကို တည့်တည့်ထားပြီးရင် လက်မောင်းကိုပဲအားပြုကာ မပေးပါ။

Credit

Unicode


မငျ်ဂလာပါနောျ















Leave a Comment