@Facebook

အမေစုရဲ့ (၇၅)နှစ်ပြည့်မွေးနေ့အတွက် သီးချင်းလေးတစ်ပုဒ်နဲ့ ဂုဏ်ပြုလိုက်တဲ့ မနော

Posted on

ပရိသတ်ရဲ့အချစ်တော်တေးသံရှင်မနောကတော့ ဒီနေ့မှာ သီချင်းအသစ်လေးတစ်ပုဒ်ကို လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။ ဒီသီချင်းလေးကိုတော့ ယနေ့မှာ ကျရောက်တဲ့ အမေစုရဲ့(၇၅) နှစ်ပြည့်မွေးနေ့အတွက် မွေးနေ့လက်ဆောင်အနေနဲ့ သီဆိုခဲ့ခြင်းဖြစ်ပါတယ်တဲ့ ပရိသတ်ကြီးရေ..

@Facebook

“ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံ အတွက် အယူမရှိ အပေးသာရှိတဲ့ မိခင်သဖွယ် အားကိုးရသူ အမေ ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်တို့ ဒီသီချင်းလေးနဲ့ (၇၅) နှစ်ပြည့်မွေးနေ့ လက်ဆောင်ပါခင်ဗျာ…အသက်ရာကျော်ရှည်ပါစေအမေ…တေးချစ်သူများနှင့်အားလုံးသောမိတ်ဆွေများလည်း ရင်ထဲမှာရှိတဲ့ ဆုတောင်းလေးများဖြင့် ဆုတောင်းပေးကြရအောင်လားဗျာ” လို့ရေးသားကာ သူ့သီဆိုထားတဲ့ “အသက်ရာကျော်ရှည်ပါစေ အမေ” ဆိုတဲ့သီချင်းလေးကို မျှဝေပေးခဲ့ပါတယ်။

ယနေ့ ဇွန်လ(၁၉) ရက်နေ့ကတော့ ပြည်သူတစ်ရပ်လုံးက လေးစားချစ်ခင်နေရသူ အမေစုရဲ့(၇၅) နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။

@Facebook

စိန်ရတုမွေးနေ့ပွဲလေး ဖြစ်တာမို့ အမေ့ကို ချစ်တဲ့သားတွေ သမီးတွေကတော့ ထူးထူးခြားခြားမွေးနေ့လေးဖြစ်အောင် တတ်နိုင်သလောက် ဖန်တီးပေးနေကြတာပဲ ဖြစ်ပါတယ်။ အဆိုတော်မနောကတော့ အမေစုမွေးနေ့အမှီ သီချင်းလေးတစ်ပုဒ်ဖန်တီးခဲ့ပြီး ဒီနေ့မှာသီချင်းခက်ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ…

Source : မနော Ma Naw

Videoကြည့်ရန်

Leave a Reply

Your email address will not be published. Required fields are marked *